CDM News

CDM News

ဟဲဟိုးတပ်မ ၁၈ ခြေမြန်တပ်ရင်းမှ စစ်မှုထမ်းတပ်သား ၁ ဦး လက်ပစ်ဗုံး ၂ လုံးနှင့်အတူ အလင်းဝင်

 

သံလွင်မြန်မာသတင်း

မေလ ၁၆

 

ရှမ်းပြည်နယ်၊ တောင်ပိုင်း၊ကလောမြို့နယ်၊ ဟဲဟိုးမြို့အခြေစိုက် တပ်မ ၁၀ ခြေမြန်တပ်ရင်းမှ စစ်မှု ထမ်းတပ်သား ၁ ဦး လက်ပစ်ဗုံး ၃ လုံးနှင့်အတူ အလင်းဝင်ခဲ့ကြောင်း People Defence Force –Chauk သခင်ဖိုးလှကြီးတပ်ခွဲထံမှ သိရသည်။

 

မေလ ၁၂ ရက်နေ့က ဟဲဟိုးမြို့အခြေစိုက် တပ်မ ၁၈ ခြေမြန်တပ်ရင်းမှ စစ်မှုထမ်းစစ်သားကို ကျော် ထူးသည် မော်လမြိုင်မြို့နယ်အတွင်းရှိ ရှေ့တန်းတနေရာပို့ဆောင်စဉ် သန်လျင်မြို့နယ်အရောက် ထွက်ပြေးလာခြင်းဖြစ်ပြီး ဒို့အရေးချန်နယ်အတွင်းရေးမှူးမရွှေဂျူးထံဆက်သွယ်ခဲ့၍ လက်ပစ်ဗုံး ၂ လုံးနှင့်အတူ ချောက်သခင် ဖိုးလှကြီးတပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ချောက်သခင်ဖိုးလှကြီးတပ်ဖွဲ့က ခေါ်ထားတာ၊လက်ရှိ သူကို့ လွတ်လွတ်လပ်လပ်ထား ထားပါ တယ်၊ မိသားစုနဲ့လည်း ဆက်သွယ်ပေးထားတယ်” ဟု ဒို့အရေးချန်နယ်အတွင်းရေးမှူးမရွှေဂျူးက ပြောကြားသည်။

 

အလင်းဝင်ရောက်ခဲ့သည့် စစ်မှုထမ်းတပ်သား ကျော်ထူးသည် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ပေါ် တာဆွဲဖမ်းဆီးခံရကာ အမှတ် ၃ တပ်မတော် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း၊ ကျိုင်း တောင်းမြို့သို့ ပို့ဆောင်ခံရကာ စစ်မှုထမ်းအပတ်စဉ် ၁၀ ကို တက်ရောက်ခဲ့ရသူဖြစ်ကြောင်း သိရ သည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဘူးသီးတောင်ထန်းရှောက်ခံရွာ၌ တွေ့ရှိရသော ရုပ်အလောင်းများမှာ တိုက်ပွဲအတွင်းသေဆုံးသွား သည့် စစ်သားများ၏ ရုပ်အလောင်းများဖြစ်သည်ဟု AA ပြော

ဘူးသီးတောင်ထန်းရှောက်ခံရွာ၌ တွေ့ရှိရသော ရုပ်အလောင်းများမှာ တိုက်ပွဲအတွင်းသေဆုံးသွား သည့် စစ်သားများ၏ ရုပ်အလောင်းများဖြစ်သည်ဟု AA ပြော

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၁ ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ထန်းရှောက်ခံကျေးရွာ၌ တွေ့ရှိရသော အလောင်းများမှာ တိုက်ပွဲ အတွင်း သေဆုံးသွားသော စစ်သားများ၏ ရုပ်အလောင်းများဖြစ်ကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင် သုခက ပြောကြားသည်။ ၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်နေ့က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်...