ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အကြမ်းဖက်စစ်တပ်က စစ်ရာဇဝတ်မှု များကျူးလွန်ကာ လိမ်ညာဝါဒဖြန့်နေမှုများကို အမှန်အတိုင်းသိမြင်၍ လက်တွေ့ကျသော အရေးယူမှု များလုပ်ဆောင်ပေးကြပါရန် NUG အစိုးရ တိုက်တွန်း
သံလွင်မြန်မာသတင်း
မေလ ၁၆
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း အကြမ်းဖက်စစ်တပ်က စစ်ရာဇ ဝတ်မှုများကျူးလွန်ကာ လိမ်ညာဝါဒဖြန့်နေမှုများကို အမှန်အတိုင်းသိမြင်ကြပြီး အဆိုပါ ကျူးလွန် နေမှုများ ရပ်တန့်စေရေးအတွက် လက်တွေ့ကျသော အရေးယူ ဖိအားပေးဆောင်ရွက်မှုများကို ပြု လုပ်ပေးကြပါရန် အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်တိုက်တွန်းထားသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်နေ့အထိ ရန်ကုန်နှင့် နေပြည်တော်မှလွဲ၍ ကျန်တိုင်းနှင့် ပြည်နယ် ၁၃ ခုတွင် လေကြောင်းတိုက်ခိုက်မှု ၂,၆၇၉ ကြိမ် လုပ် ဆောင်ခဲ့ရာ ပြည်သူ ၃,၀၄၃ ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူများအထဲတွင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၄၄၁ ဦးပါဝင်ခဲ့ကြောင်း၊ အဆိုပါလေကြောင်းတိုက်ခိုက်မှုများကြောင့် စာသင်ကျောင်း ၂၄၀ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း ၉၆ ခုနှင့် ဘာသာရေးအဆောက်အဦ ၄၃၅ ခု ပျက်စီးဆုံးရှုံးခဲ့ ကြောင်း NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အကြမ်းဖက်စစ်တပ်သည် အပစ်အခတ်ရပ်စဲရေးကြေညာချက်များကို ဟန်ပြထုတ်ပြန်ထားသော် လည်း လက်တွေ့တွင်မူ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများ၊ လူအစု လိုက်အပြုံလိုက် သတ်ဖြတ်မှုများကို နေ့စဉ်ရက်ဆက်ဆိုသလို ကျူးလွန်လျက်ရှိကြောင်း သိရသည်။
ထိုသို့စစ်ရာဇဝတ်မှုများ ကျူးလွန်နေသော်လည်း အကြမ်းဖက်စစ်တပ် ချုပ်ကိုင်ထားသော နိုင်ငံပိုင် မီဒီယာများ ဖြစ်သည့် MRTV, MWD တို့မှတဆင့် စစ်ရာဇဝတ်မှုများကို မကျူးလွန်ရကြောင်း ဗြောင် ကျကျ ငြင်းဆန်သည့် သတင်းမှားများ ထုတ်လွှင့်၍ ဖြစ်စေ၊ စစ်တပ်လော်ဘီများစွာကို ငွေပေး အသုံး ပြုပြီး သတင်းတုများ၊ ပုံဖျက်ထားသော အချက်အလက်များ ဖြန့်ချိခြင်းဖြင့်ဖြစ်စေ ဖုံးကွယ်ရန် ကြိုး စားလျက်ရှိကြောင်း အသိပေးထားသည်။
အကြမ်းဖက်စစ်တပ်က လူရင်းမြစ်၊ ငွေရင်းမြစ်များစွာအသုံးပြုပြီး သတင်းမှန်များကို ပုံဖျက်ဖုံးကွယ် ရန် ဆောင်ရွက်နေသည့်ကြားမှ မှန်ကန်သောသတင်းအချက်အလက်များကို ပြည်သူလူထု ထံရောက် ရှိရေးအတွက် အစွမ်းကုန်ကြိုးပမ်းပေး နေကြသော လွတ်လပ်ပြီး၊ အမှီအခိုကင်းသည့် သတင်းမီဒီယာ များ၊ သတင်းသမားများနှင့် လူထုသတင်းသမား များအားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူလူထုကိုယ်စား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောဆိုထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့် ရေးနှင့် အဆိုပါ တိုက်ခိုက်မှုများအတွင်း ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးမှု နည်းနိုင်သမျှ နည်းနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံအသုံးပြုကာ အစွမ်းကုန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆက်လက်ပြောဆိုထားသည်။
အကြမ်းဖက် စစ်အုပ်စုကျူးလွန်ခဲ့၊ ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများတွင် အဓိကတာဝန်ရှိသူ စစ်ခေါင်းဆောင်များ၊ အမိန့်ပေးစေခိုင်းသူ အရာရှိများ၊ လက်တွေ့လုပ်ကိုင်ဆောင်ရွက်သူ လေယာဉ် မှူးများ၊ အကြမ်းဖက် တပ်ဖွဲ့ဝင်များ၊ ပံ့ပိုးကူညီသူ အားပေးအားမြှောက်ပြုသူများနှင့် သတင်းမှန်ကို ဖုံးကွယ်လိမ်ညာနေကြသည့် စစ်တပ်လော်ဘီများ အားလုံးကို ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင် ရေးအတွက် နိုင်ငံတကာတရားရုံးများ၊ နိုင်ငံအလိုက်တရားရုံးများတွင်သာမက ပြည်တွင်းတရား ဥပဒေများနှင့်ပါ တရားမျှတမှုဖော်ဆောင်နိုင်ရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။
Photo – စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများ
Thanlwin Myanmar Media