လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ မော်ကွီးလုစစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်
သံလွင်မြန်မာသတင်း
မေလ ၁၆
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ မော်ကွီးလု စစ်ကောင်စီတပ်စခန်းကို အပြီးသတ်သိမ်းပိုက် လိုက်ပြီဖြစ်ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။
ယနေ့မေလ ၁၆ ရက် နံနက် ၅ နာရီအချိန်တွင် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူး လေအုပ်ချုပ်နယ်မြေ၊ ဖားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ် (တာကရယ် (ပိုင်ကျုံ) မြို့နယ်) အတွင်း ဝင် ရောက်ကျူးကော်တပ်စွဲထားသော မော်ကွီးလုစခန်းကို သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်တပ်စခန်းသည် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် ခလရ−၂၄ တပ်ဖွဲ့ ဝင် များ အခြေစိုက် တပ်စွဲကာ နေထိုင်ကြခြင်းဖြစ်ပြီး တပ်မဟာ (၇) လက်အောက်ခံ ကရင်အမျိုး သား လွတ်မြောက်ရေး တပ်မတော် (K.N.L.A) နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့ပူးပေါင်းကာ တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ဓါတ်ပုံ − မော်ကွီးလူစခန်း ပုံရိပ်များ။
Thanlwin Myanmar Media