Yangon News

Yangon News

လှိုင်သာယာမြို့မရဲစခန်းကို ၄၀ မမ ဗုံးသီး ၄ လုံးပစ်ခတ်တိုက်ခိုက်မှု စစ်သား၊ ရဲများ ထိခိုက်သေ ဆုံးမှုရှိ

 

D Day News

ဧပြီလ ၂၈

 

ရန်ကုန်မြို့၊ လှိုင်ယာယာမြို့နယ်၊ လှိုင်သာယာမြို့မရဲစခန်းကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Dark Shadow UG တပ်ဖွဲ့ထံမှ သိရ သည်။

 

ယနေ့ ဧပြီလ ၂၈ ရက် ည ၈ နာရီခန့်က လှိုင်သာယာ အရှေ့ပိုင်းမြို့နယ်၊ ညောင်တုန်းလမ်းမကြီး ပေါ် ၅ ထိပ် မှတ်တိုင်အနီးရှိ လှိုင်သာယာမြို့မရဲ စခန်းကို ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များက ၄၀ မမ ဗုံးသီး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို ထိရောက်စွာပစ်ခတ်နိုင်ခဲ့ပြီး အကြမ်းဖက်စစ် သား၊ ရဲများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Dark Shadow အဖွဲ့၏ “Urban Freedom” စစ်ဆင်ရေး အဖြစ် တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး မစ်ရှင် ဆောင်ရွက်ခဲ့သော ရဲဘော်များအားလုံး ဘေးကင်းစွာဖြင့် နေရပ်သို့ ပြန်လည် ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။

 

ယခု mission တွင် အသုံးပြုခဲ့သော ၄၀ မမ ဗုံးသီးသည် ဧပြီလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ပြုလုပ် ခဲ့သော “မမနှင့်အတူ မြို့ပြကူ” ကမ်ပိန်းမှ ရရှိသည့် ပြည်သူ့ထောက်ပို့ အင်အားဖြင့် ဝယ်ယူခြင်းခဲ့ဖြစ် ကြောင်း သိရသည်။

 

အရိပ်တပ်သားများသည် ပြည်သူများမှ ဖြစ်ပေါ်လာသော တော်လှန်ရေးတပ်သားများ ဖြစ်ပြီး ပြည်သူ များ အတွက် စစ်မှန်သော ဖယ်ဒရယ်ဒီမိုကရေစီ ရရှိသည်အထိ မည့်သည် မတရားမှုမျိုးကိုမဆို တွန်း လှန်ကာ ဆက်လက်တိုက်ပွဲ ဝင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
၂၀၂၅ ခုနှစ် ၊ ၇ လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၄၀၉ ဦး ပြည့်ရင်ခွင်ထံ အလင်းဝင်

၂၀၂၅ ခုနှစ် ၊ ၇ လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၄၀၉ ဦး ပြည့်ရင်ခွင်ထံ အလင်းဝင်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၂ ၂၀၂၅ ခုနှစ်၊ ၇ လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၄၀၉ ဦး ပြည်သူ့ရင်ခွင်ထံ ချိတ် ဆက်အလင်းဝင်ရောက်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လ ကုန်အထိ အမျိုးသားညီညွတ်ရေးအစိုးရ၊...