Karenni State News

Karenni State News

မိုးဗြဲမြို့တွင်းသို့ ထိုးစစ်ဆင်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု ၅ ဦးထက်မနည်း သေ ဆုံးပြီး ဓာတုအဆိပ်ဗုံး၊ လက်နက်ကြီးများ အလွန်အကျွံအသုံးပြုကာ တပ်ဆုတ်ပြေး၊ စစ်မှုထမ်း စစ်သား ၁၆ ဦးအလင်းဝင်

 

သံလွင်မြန်မာသတင်း

မေလ ၁၆

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့တွင်းသို့ ထိုးစစ်ဆင်လာသော စစ်တပ် စစ်ကြောင်း ကို တိုက်ခိုက်ခဲ့ရာ ၅ ဦးထက်မနည်းသေဆုံးပြီး ဓာတုအဆိပ်ဗုံး၊လက်နက်ကြီးအလွန်အကျွံ အသုံးပြု ကာ တပ်ဆုတ်ပြေးသွားကြောင်း ရှမ်းတောင်စစ်ဒေသခွဲ၊PDF ဗျူဟာအမှတ် ၁ က ထုတ်ပြန်သည်။

 

မေလ ၁၄ ရက်နေ့ကလည်း မိုးဗြဲမြို့တွင်းသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာခဲ့သဖြင့် တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ခုခံတိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် သား ၅ ဦးထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာရရှိ၍ လက်နက်ကြီး၊ အဆိပ်ငွေ့ဗုံးများ အလွန် အကျွံအသုံးပြုကာ ခမရ ၄၂၂ တပ်ရင်းအတွင်းသို့ ပြန် လည်ဆုတ်ခွာသွားကြောင်း သိရသည်။

“ဓာတုအဆိပ်ဗုံးတွေသုံးတာက ကြာပါပြီ၊ တိုက် ပွဲတိုင်းနီးပါးအသုံးပြုပါတယ်။ မေလ ၁၄ ရက်နေ့ တုန်းက အခါတိုင်းထက်အလွန်အကျွံ အသုံးပြုလာတာပါ။ ဒရုန်းနဲ့ချတယ်၊ လေယာဉ်တော့ မလာ ဘူး။ လက်နက်ကြီးနဲ့ပစ်တယ်။ လက်ရှိတိုက်ပွဲက ပြင်းထန်နေတုန်းပါပဲ” ဟု မိုးဗြဲ PDF တပ်ဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

လက်ရှိတွင် ရှမ်းတောင်စစ်ဒေသခွဲ၊ SSTOC-1PDF ဗျူဟာအနေဖြင့် မိုးဗြဲမြို့တွင်း စစ်ကြောင်း၊ မိုးဗြဲ ကုန်းသာစစ်ကြောင်းနှင့် ဖယ်ခုံမြို့နယ်နှင့်ညောင်ရွှေမြို့နယ်အစပ် စစ်ကြောင်း ၃ ကြောင်းကို တာဝန် ယူကာ ခုခံကာကွယ်နေရပြီး တိုက်ပွဲမှာလည်း ဆက်လက်ပြင်းထန်လာနိုင်ကြောင်း အသိပေးထား သည်။

 

တိုက်ပွဲပြင်းထန်လာသည်နှင့်အမျှ ၄ ရက်အတွင်း စစ်ကောင်စီမှ ပေါ်တာဆွဲဖမ်းဆီးကာ အဓမ္မစစ် သား အဖြစ် စု ဆောင်းထားသော ရဲဘော် ၁၆ ဦး အလင်းဝင်ခဲ့ကြောင်း၊ ထိုသို့အလင်းဝင်ရောက်လာ သူများတွင် NUG စနစ်သစ်ပညာရေးဖြင့် ၂၀၂၃ ခုနှစ်တွင် ၁၀ တန်းအောင်မြင်ထားသူများပါဝင် ကြောင်း အသိပေးထားသည်။

 

ရှမ်းတောင်စစ်ဒေသခွဲ၊PDF ဗျူဟာအမှတ် ၁ ၏ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များအနေဖြင့် စစ်ဆင်ရေး အရှိန်မြှင့်ကာ ပြန်လည်ထိုးစစ်ဆင်နိုင်ရန်အတွက် လိုအပ်‌နေသည့် ခဲယမ်း၊ စစ်ကြောင်း အသုံးစရိတ်နှင့် စစ်ကြောင်းရိက္ခာများအထူးလိုအပ်ရှိကြောင်း၊ ထို့ကြောင့် စစ်တိုင်းကွပ်ကဲရေးအဖွဲ့ ၊ MOD နှင့် ပြည်တွင်းပြည်ပမှ ထောက်ပို့ပြည်သူအ‌နေဖြင့် ကျည်၊ ရိက္ခာများပါဝင်ထောက်ပို့ပေးကြပါ ရန် တိုက်တွန်းမေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တနင်္သာရီမြို့နယ်တွင် လက်နက်ရိက္ခာပို့စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး ကား ၂ စီး ပျက်စီး

တနင်္သာရီမြို့နယ်တွင် လက်နက်ရိက္ခာပို့စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး ကား ၂ စီး ပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၁ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် လက်နက်ရိက္ခာတင်စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးပြီး ကား ၂ စီးပျက်စီးခဲ့ကြောင်း KNU - မြိတ်-ထားဝယ်ခရိုင်သတင်းနှင့်ပြန်ကြားရေးဌာန ထံက သိရသည်။ ဩဂုတ်လ ၉ ရက်နေ့က တနင်္သာရီမြို့နယ်၊ မောတောင်ဒေသအား ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက်...