Shan State News

Shan State News

ညောင်ရွှေမြို့နယ်၊ရေပူကျေးရွာသို့ ချီတက်လာသော စစ်တပ် ၊ PNO ပူးပေါင်းစစ်ကြောင်းကို တိုက် ခိုက်မှု ၁၈ ဦးသေဆုံးပြီး သေနတ် ၄ လက်သိမ်းဆည်းရရှိ၊ ဆီဆိုင်မြို့နယ်တွင်လည်းစစ်သား ၃ ဦး အရှင်မိ

 

သံလွင်မြန်မာသတင်း

မေလ ၁၆

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာသို့ ချီတက်လာသော စစ်တပ်၊ PNO ပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား၊ PNO ၁၈ ဦးသေဆုံးပြီး သေနတ် ၄ လက်သိမ်း ဆည်းရရှိခဲ့ကြောင်း ရှမ်းတောင်စစ်ဒေသခွဲ၊ SSTOC-1PDF ဗျူဟာထံမှ သိရသည်။

 

မေလ ၆ ရက်နေ့ကစ၍ မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နေရေးအတွက် အင်အား ၆၀၀ ခန့်ဖြင့် စစ်ကောင်စီတပ်၊ PNO ပူးပေါင်းစစ်ကြောင်းက ညောင်ရွှေမြို့နယ်နှင့် ဖယ်ခုံမြို့နယ် ထိစပ်သည့် ရေပူကျေးရွာ၊ စွန်စွဲကျေးရွာနှင့် လွယ်လုံကျေးရွာတို့ဘက်သို့ ကုန်းကြောင်း၊ ရေကြောင်းဖြင့် ထိုးစစ် ဆင်တိုက်ခိုက်လာခဲ့ရာ ယနေ့မေလ ၁၆ ရက်နေ့အထိ တိုက်ပွဲများပြင်းထန်လျက်ရှိကြောင်း သိရ သည်။

ယင်းတိုက်ပွဲကာလ ၁၀ ရက် အတွင်း စစ်သား၊ PNO ၁၈ ဦးထက်မနည်းသေဆုံးပြီး အများအပြား ထိခိုက်ဒဏ် ရာရရှိခဲ့ကာ စစ်ကောင်စီ၏ ဒရုန်း ၂ စီးကိုလည်း Jammer Gun ဖြင့်ပစ်ချနိုင်ခဲ့ကြောင်း ၊ ထို့အပြင် စစ်ကောင်စီတပ်သားများ အသုံးပြုသည့် MA3 အမျိုးအစား သေနတ် ၃ လက်၊ MA1 အမျိုး အစား သေနတ် ၁ လက် စုစုပေါင်း သေနတ် ၄ လက် အပါအဝင် ခဲယမ်းများလည်း သိမ်းဆည်းရရှိ ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရှမ်းတောင်ကယား (ကရင်နီ) စစ်တိုင်း ဒေသ၊ ရှမ်းတောင်စစ်ဒေသခွဲ၊ PDF ဗျူဟာအမှတ် ၁ ၏ စီမံကွပ်ကဲရေးအောက်ရှိ PDF အမှတ် p3-1006 တပ်ရင်း၊ p3-1009 တပ်ရင်းနှင့် စစ်ရေးအရပူးပေါင်းတိုက်ခိုက်သည့် ပျားစစ်ကြောင်းတို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးကာ ၂ ဦး အသေးစားဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များသည် လက်နက်ကြီး ၊ ဒရုန်း၊ လေယာဉ်တို့ဖြင့် ထိုးစစ်ဆင် လာခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီက အရပ်သားပြည်သူလူထုနေထိုင်ရာကျေးရွာကို ဦးတည်၍ ဗုံးကြဲ တိုက်ခိုက်ခြင်း၊ မီးရှို့ခြင်းများ လုပ်ဆောင်ခဲ့ရာ ညောင်ရွှေမြို့နယ်၊ စွန်စွဲကျေးရွာအတွင်းရှိ နေအိမ် အလုံး ၂၀ ကျော် မီး လောင်ပြာခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ရှမ်းပြည်နယ်၊ ဆီဆိုမြို့နယ်အနောက်ခြမ်း၊ ရေပူဒေသတွင် စစ်ကောင်စီတပ်ဖွဲ့က စစ် ကြောင်း ၄ ကြောင်းဖြင့် ချီတက်နေပြီး မူးယစ်ဆေးဝါးသုံးစွဲထားသည့် စစ်သား ၃ ဦးကို မေလ ၇ ရက် နေ့က လက်နက် ၄ နှင့်အတူ တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးထားကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တနင်္သာရီမြို့နယ်တွင် လက်နက်ရိက္ခာပို့စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး ကား ၂ စီး ပျက်စီး

တနင်္သာရီမြို့နယ်တွင် လက်နက်ရိက္ခာပို့စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး ကား ၂ စီး ပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၁ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် လက်နက်ရိက္ခာတင်စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးပြီး ကား ၂ စီးပျက်စီးခဲ့ကြောင်း KNU - မြိတ်-ထားဝယ်ခရိုင်သတင်းနှင့်ပြန်ကြားရေးဌာန ထံက သိရသည်။ ဩဂုတ်လ ၉ ရက်နေ့က တနင်္သာရီမြို့နယ်၊ မောတောင်ဒေသအား ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက်...