War Crimes News

War Crimes News

အပစ်ရပ်ရေး ထုတ်ပြန်ချက်များကို ချိုးဖောက်၍ အရပ်သားပြည်သူအများအပြားကို ပစ်မှတ်ထား တိုက်ခိုက်ကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်နေသော စစ်ကောင်စီကို ကုလသမဂ္ဂနှင့် အာဆီယံ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းတို့မှ လူသားချင်းစာနာမှုဖြင့် တားဆီး၊ အရေးယူဆောင်ရွက် ပေးပါရန် NLD ပါတီက တိုက်တွန်း

 

သံလွင်မြန်မာသတင်း

မေလ ၁၅

 

ယာယီအပစ်အခတ်ရပ်စဲကြေညာပြီးနောက် တိုင်းနှင့်ပြည်နယ် ၁၁ ခုတွင် စစ်ကောင်စီ၏ လေ ကြောင်းတိုက်ခိုက်မှုပေါင်း ၁၈၁ ကြိမ်ရှိပြီး ပြည်သူ ၁၈၂ ဦးသေဆုံးခဲ့ပြီဖြစ်ကြောင်း NLD ပါတီက ယနေ့မေလ ၁၅ ရက်နေ့တွင် ထုတ်ပြန်သည်။

 

ဧပြီလ ၃ ရက်နေ့မှစ၍ မေလ ၁၃ ရက်နေ့အထိ လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (HRDT-NLD) မှ ကောက်ယူရရှိထားသောစာရင်းများအရ စစ်ကောင်စီက အပစ်ရပ်ကာလအတွင်း တိုင်းနှင့်ပြည်နယ် ၁၁ ခုကို လေကြောင်းတိုက်ခိုက်မှု ၁၈၁ ကြိမ်လုပ်ဆောင် ခဲ့ရာ ပြည်သူ ၁၈၂ ဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးသူများတွင် ၁၈ နှစ်အောက် ၃၄ ဦး ရှိပြီး ဒါဏ်ရာ ရသူ ၂၉၈ ဦး တွင် ၁၈ နှစ်အောက် ၇၆ ဦး ပါဝင်ကြောင်း သိရသည်။

 

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အများဆုံးမှာ ငလျင်ဘေးသင့်ဒေသများဖြစ်သော မန္တလေး တိုင်း နှင့် စစ်ကိုင်းတိုင်းတို့ဖြစ်ကြောင်း သိရသည်။

 

မေလ ၁၂ ရက် နံနက် ၉ နာရီ ၃၇ မိနစ်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အနောက်ခြမ်းရှိ အိုး ထိမ်းတွင်းရွာ စာသင်ကျောင်းကို စစ်ကောင်စီက လေကြာင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဆရာမ ၂ ဦး နှင့် ကလေးငယ် ၂၂ ဦးသေဆုံးခဲ့ကြောင်း၊ ထို့အပြင် မေလ ၁၃ ရက် နံနက် ၁၀ နာရီက ရခိုင်ပြည် နယ်၊ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာဟောင်းကို ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချခဲ့သဖြင့် က လေးငယ် များနှင့် မိခင်များအပါအဝင် အရပ်သားပြည်သူ ၁၃ ဦးသေဆုံးကြောင်း၊ ယင်းတိုက်ခိုက်ခံ ရမှုဖြစ်စဉ် ၂ ခုသည် အဆိုးရွားဆုံးလေကြောင်းတိုက်ခိုက်မှုများဖြစ်ကြောင်း NLD ပါတီက ပြောဆို ထားသည်။

တိုင်းနှင့်ပြည်နယ် ၅ ခုသို့ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်မှုအကြိမ်ပေါင်း ၁၅ ကြိမ်တွင် သေ ဆုံးပြည်သူ ၁၄ ဦး နှင့် ဒဏ်ရာရသူ ၄၃ ဦး ရှိရာ ၁၈ နှစ်အောက် ကလေးသူငယ် ၈ ဦး ပါဝင်ကြောင်း သိရသည်။

 

ထို့အပြင် ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူတို့၏အိုးအိမ်ပိုင်ဆိုင်မှုများကို မီးရှို့ ဖျက်ဆီးခြင်း၊ အကြမ်းဖက်သတ်ဖြတ်ခြင်းများကြောင့် သေဆုံးပြည်သူ ၁၆၉ ဦးရှိရာတွင် အသက် ၇ လသား ကလေးငယ်အပါအဝင် ၁၈ နှစ်အောက်သေဆုံးသူ ၃၆ ဦးရှိကြောင်း သိရသည်။

 

၅ ဦး နှင့်အထက် အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု ၈ ကြိမ် ကျူးလွန်ခဲ့ပြီး မေလ ၁၂ ရက်နေ့ နေ့ လည် ၁၂ နာရီခန့်တွင် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လယ်မရွာသို့ စစ်ကောင်စီတပ်သားများ ဝင် ရောက်စီးနင်းပြီး ရွာသား ၁၁ ဦးကို ပစ်သတ်၍ ၈ ဦးကိုဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

 

ငလျင်ဘေးသင့်ဒေသတခုဖြစ်ခဲ့သော မန္တလေးတိုင်းရှိ အိုးဘိုအကျဥ်းထောင်တွင် အိပ်ဆောင်များ၊ အ လုပ်ရုံနှင့်ထောင်တွင်းဆေးရုံတို့ ထိခိုက်ပျက်ဆီးခဲ့ပြီး အကျဥ်းသားအကျဥ်းသူ ၆၄ ဦး သေဆုံးခဲ့ရာ နိုင်ငံရေးအကျဥ်းသူအကျဥ်းသား ၁၂ ဦးပါဝင်သည်ဟု ဆိုသည်။

 

မကွေးတိုင်း၊ ဒေါင်းနေအကျဥ်းထောင်တွင် ပြင်ပတိုက်ခိုက်မှုနှင့်ယှဥ်လျက် ထောင်ဗူးဝ မျှော်စင်မှ ထောင်တွင်းသို့ ပစ်ခတ်မှုကြောင့် နိုင်ငံရေးအကျဥ်းသား ၂ ဦးသေဆုံးပြီး ၅ ဦးထက် မနည်း ထိခိုက် ဒါဏ်ရာရရှိခဲ့ရာ နိုင်ငံရေးအကျဥ်းသားများဖြစ်သော ကိုအောင်ခန့်ဦးနှင့် တောင်တွင်းကြီးမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင် တို့သည် အသက်အန္တရာယ်စိုးရိမ်ရ သည့် အခြေအနေတွင် ရှိကြောင်း သိရသည်။

 

ထို့အပြင် ဧပြီလ ၂၇ ရက်နေ့တွင် အကျဥ်းဦးစီးအရာရှိ မင်းလွင်ဦး နှင့်အဖွဲ့က ဝိုင်းဝန်းရိုက်နှက်မှု ကြောင့် နိုင်ငံရေးအကျဥ်းသား အစ္စလမ်ဘာသာရေးခေါင်းဆောင် ဦးမြတ်ကို သေဆုံးခဲ့ကြောင်း သိရ သည်။

 

သို့ဖြစ်ပါ၍ မင်းအောင်လှိုင်ဦးဆောင်သော အာဏာလုစစ်ကောင်စီသည် အပစ်ရပ်ရေး ထုတ်ပြန်ချက် များကိုချိုးဖောက်ပြီး အရပ်သားပြည်သူအများအပြားကို ပစ်မှတ်ထားတိုက်ခိုက်ကာ အစုလိုက်အပြုံ လိုက်သေဆုံးစေသော လူသားမျိုးနွယ်အပေါ်ကျူးလွန်သောရာဇဝတ်မှု (Crime Against Humanity) နှင့် စစ်ရာဇဝတ်မှုများ (War Crimes) ကို ဆက်တိုက်ကျူးလွန်လျက်ရှိပါသဖြင့် ကုလသမဂ္ဂ နှင့် အာ ဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းတို့မှ လူသားချင်းစာနာမှုဖြင့် တားဆီး၊ အရေးယူဆောင် ရွက်ပေးပါရန် NLD ပါတီက တိုက်တွန်း မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြန်မာစစ်အုပ်စု၏ ရာဇဝတ်မှုကြီးများကို ဖုံးကွယ်ဖျောက်ဖျက်ရန် လော်ဘီလုပ်ပေးမည့် အမေရိကန် လော်ဘီအဖွဲ့ DCI Group ကို ကန့်ကွက်ရှုတ်ချ

မြန်မာစစ်အုပ်စု၏ ရာဇဝတ်မှုကြီးများကို ဖုံးကွယ်ဖျောက်ဖျက်ရန် လော်ဘီလုပ်ပေးမည့် အမေရိကန် လော်ဘီအဖွဲ့ DCI Group ကို ကန့်ကွက်ရှုတ်ချ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၈ မြန်မာစစ်အုပ်စု၏ ရာဇဝတ်မှုကြီးများကို ဖုံးကွယ်ဖျောက်ဖျက်ရန် လော်ဘီလုပ်ပေးမည့် အမေရိကန် လော်ဘီအဖွဲ့ DCI Group ကို ကန့်ကွက်ရှုတ်ချကြောင်း Justice For Myanmar – JFM က ထုတ်ပြန် သည်။ တရားမဝင်မြန်မာစစ်အုပ်စုသည် ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးတရားဝင်...