Salin News

Salin News

စလင်းမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို ၂ ရက်ဆက် လိုက်လံ တိုက်ခိုက်မှု စစ်သား၊ ရဲ ၂ ဦးသေဆုံး

 

D Day News

ဧပြီလ ၂၈

 

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်တိုက်နယ်အတွင်း ဝင်ရောက်လာသော အကြမ်းဖက် စစ်ကြောင်းကို လိုက်လံ တိုက်ခိုက်ချေမှုန်းခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲ ၂ ဦး သေဆုံးခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၂၆ ရက် နံနက် ၇ နာရီမိနစ်အချိန်က အ‌စောပိုင်းတွင် စလင်းမြို့နယ်၊ တညောင်ရွာစခန်းမှ အင်အား ၁၀၀ ခန့်ဖြင့် တညောင်တိုက်နယ်အတွင်း လှည့်လည် စစ်ကြောင်းထိုးသော အကြမ်းဖက် စစ်သား၊ ရဲများကို  မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ညနေပိုင်းတွင်လည်း ကျေးရွာများအတွင်းသို့ ဝင်ရောက်လာသော ယင်းအကြမ်းဖက် စစ် သား၊ ရဲများကို တော်လှန်ရေး တပ်ဖွဲ့များက Rocket၊ လက်နက်ကြီးများဖြင့် ထပ်မံ ပိတ်ဆို့ တိုက် ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းမှာ ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။

 

ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းမှ အကြမ်းဖက်စစ်သား၊ ရဲ အင် အား ၅၀ ခန့်သည် တညောင်ရဲစခန်းသို့ ပြန်လည် ဆုတ်ခွာသွားပြီး ကျန်ရှိနေသော အကြမ်းဖက် စစ် သားများသည် လျှော်ဖြူ တောထဲ၌ ကင်းပုန်းဝတ်နေသဖြင့် တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ လက် နက်ကြီးဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုရှိကြောင်း၊ သေဆုံး ထိခိုက်အရေအတွက်ကိုမူ အတည်မပြုနိုင်သေးကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
၂၀၂၅ ခုနှစ် ၊ ၇ လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၄၀၉ ဦး ပြည့်ရင်ခွင်ထံ အလင်းဝင်

၂၀၂၅ ခုနှစ် ၊ ၇ လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၄၀၉ ဦး ပြည့်ရင်ခွင်ထံ အလင်းဝင်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၂ ၂၀၂၅ ခုနှစ်၊ ၇ လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၄၀၉ ဦး ပြည်သူ့ရင်ခွင်ထံ ချိတ် ဆက်အလင်းဝင်ရောက်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လ ကုန်အထိ အမျိုးသားညီညွတ်ရေးအစိုးရ၊...