Tanintharyi News

Tanintharyi News

ထားဝယ်မြို့အဝင်ရှိ ပေါက်တိုင်းတံတားဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၉ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

မေလ ၁၅

 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ ထားဝယ်မြို့အဝင်ရှိ ပေါက်တိုင်းတံတားဂိတ်ကို ဝင်ရောက် တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၉ ဦးသေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင်တပ်ပေါင်းစုက ထုတ်ပြန်သည်။

 

မေလ ၇ ရက် နံနက် ၅ နာရီ ၅၀ မိနစ်က ထားဝယ်မြို့အဝင်ရှိ ပေါက်တိုင်းတံတားဂိတ်ကို ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်များမှ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ် တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကူစစ်သားများရောက်ရှိလာသောကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရခြင်းဖြစ် ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ စစ်သား၊ ပျူစောထီး ၉ ဦးသေဆုံးပြီး ၇ ဦးအပြင်း အထန် ဒဏ်ရာရရှိကာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များအားလုံး အထိ အခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ထားဝယ်ခရိုင်တပ်ပေါင်းစု ၊ ဒေါင်းညီနောင်စစ်ကြောင်း၊ ဥဩစစ်ကြောင်း ၊ ထားဝယ် ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁ ၊ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့-ပကဖ ၊ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁ တပ်ခွဲ-၁ ၊ KNLA တပ်မ ဟာ ၄ အထူးတပ်ဖွဲ့၊ ထားဝယ်မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (DDT) နှင့် ဒရုန်းတပ်ဖွဲ့များ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မိဘပြည်သူများထံမှ ပစ္စည်းများသိမ်းယူခြင်း၊ အနိုင်ကျင့်ဗိုလ်ကျခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်နေ သော စစ်ကောင်စီတပ်သားများကို ဆက်လက်တိုက်ခိုက်ချေမှုန်း သွားမည်ဖြစ်ကြောင်း ထားဝယ် ခရိုင်တပ်ပေါင်းစုက အသိပေး ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့၊ ရှရော်ခ၊ ညောင်ပင်ကုန်းစခန်းတို့ကို KIA ပူးပေါင်းတပ်ဖွဲ့က ပြန်လည်သိမ်းပိုက်ရရှိ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေး ငယ် တစ်ဦးအပါအဝင် ပြည်သူ ၄ ဦးသေဆုံး

ဖားကန့်မြို့၊ ရှရော်ခ၊ ညောင်ပင်ကုန်းစခန်းတို့ကို KIA ပူးပေါင်းတပ်ဖွဲ့က ပြန်လည်သိမ်းပိုက်ရရှိ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေး ငယ် တစ်ဦးအပါအဝင် ပြည်သူ ၄ ဦးသေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၇ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှရော်ခ၊ ညောင်ပင်ကုန်းရွာ စစ်တပ်စခန်းကို KIA တပ်ဖွဲ့က ပြန် လည် သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်ကလည်း တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ဒေသ သတင်းရင်းမြစ်ထံက သိရသည်။ ဩဂုတ်လ ၅ ရက် နေ့လည်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်က သိမ်းပိုက်ထားသည့် ဖားကန့်မြို့...