NUG News

NUG News

ယခု ၂၀၂၄ ခုနှစ်သည် နွေဦးတော်လှန်ရေး အောင်ပွဲခံမယ့် နှစ် ဖြစ်ကြောင်း ဒေါက်တာဇော်ဝေစိုး ပြော (ရုပ်သံ)

 

D Day News

ဧပြီလ ၂၈

 

ယခု ၂၀၂၄ ခုနှစ်သည် နွေဦးတော်လှန်ရေးအောင်ပွဲခံမယ့်နှစ်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး ကပြော ကြားသည်။

 

အပတ်စဉ်တင်ဆက်လျက်ရှိသည့် ပြည်သူမှ ပြည်သူသို့ အစီအစဉ်တွင် အစီအစဉ်တွင် တင်ဆက်သူ ကိုဟန်ဇော်လတ်က မေးမြန်းထားသည်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးနှင့်ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ပြောဆိုခဲ့ခြင်းဖြစ်သည်။

https://youtu.be/uiAVuG9xaGY

“NUG ဟာ သုညနဲ့ စခဲ့တဲ့ NUG ။ ၃ နှစ်ရှိတဲ့အချိန်မှာ ဒီနေရာကို ရောက်နေတယ်ဆိုတာ အားလုံး အသိပဲဖြစ်ပါတယ်။ ဝေဖန်မှုတွေ အားမလို အားမရမှုတွေရှိပေမယ့် တကယ်တမ်း NUG ရဲ့အစနဲ့ တော်လှန်ရေး ဒီနေရာအထိရောက်နေတယ်ဆိုတာ ဟာ အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း၊  NUG ရဲ့ Strategies တွေပေါ့နော်၊ ဗျူဟာ ၆ ခုနဲ့ဆိုရင်အား လုံးတစ်ဆင့်ပြီးတဆင့် တက်တက်လှမ်းနေတယ်။ ဒါ့ကြောင့် ၂၀၂၁ စတင်ဖွဲ့စည်းခြင်း၊ ၂၀၂၂ စတင်တည်ဆောက်ခြင်းပေါ့၊ ၂၀၂၃ မှာ ထိုးစစ်တွေစပြီး ဆင်နွှဲနိုင်လာနိုင်တဲ့နှစ်ပေါ့၊ ၂၀၂၄ ကို အောင်ပွဲခံမယ့်နှစ်လို့ ရည်ရွယ်ပြီး သွားနေတာဖြစ်တဲ့အတွက် တဆင့်ပြီး တဆင့် တိုးတက်ဖြစ်ပေါ်ပြောင်းလဲ နေတဲ့သဘောရှိတယ်။ အခု ၂၀၂၄ အောင်ပွဲခံနိုင်မယ့် အနေအထားတွေမှာ ရှိနေတယ်ဆိုတာ သိသာတယ်လို့ပဲ အကြမ်းဖျင်း ခြုံပြီးတော့ ပြောချင်ပါတယ်။” ဟု ဒေါက်တာဇော်ဝေစိုးက ပြောကြားသည်။

 

တော်လှန်ရေးကာလအတွင်း NUG အစိုးရ၏ အဓိကတာဝန်သည် စစ်အာဏာရှင်စနစ်ကို ဖယ်ရှား ကာ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတည်ထောင်နိုင်သည့် လမ်းကြောင်းပေါ်ကို ရောက်သွားရန် ဆောင် ရွက်နေခြင်းဖြစ်သည်ဟု ဆိုသည်။

 

“တဆင့်ပြီး တဆင့်အောင်မြင်မှုတွေရနေတယ်။ တိုးတက်မှုတွေ ရနေတယ်။ အားလုံးကို ခြုံငုံပြီး ကြည့်ရင် ကျ‌ နော်အရင်တစ်ခေါက်ပြောသလိုပဲ အသေးစိပ်ကြည့်ရင်တော့ အခက်အခဲတွေ စိန်ခေါ် ချက်တွေ စော စောကလို အတက်အကျတွေ အများကြီးရှိတယ်။ ဒါပေမယ့် တစ်စုံလုံးစာခြုံကြည့်ရင် တော်လှန်ရေး ရော၊ NUG ရော ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးရောဟာ အောင်မြင်မှု တွေရပြီးတော့ နောင်တိုးတက်ဖြစ်ပေါ်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေတယ်။” ဟု ဒေါက်တာ ဇော်ဝေးစိုးက ပြောဆိုသည်။

 

ထို့အပြင် NUG အစိုးရအဖွဲ့ဝင်များ နိုင်ငံတကာသို့ သွားရောက်နေသည့်ခရီးစဉ်အကြောင်း၊ ၂၀၂၄ ၊ ၂၀၂၅ ၊ ၂၀၂၅ ခုနှစ်အတွက် ၃ နှစ်စာ စီမံကိန်း၊ စီမံချက်များရေးဆွဲပြီးဆောင်ရွက်နေသည်များ ရှိ ကြောင်း အသိပေးထားသည်။

 

“တော်လှန်ရေးရဲ့ အဆင့်တဆင့်ကို ရောက်ပြီးဖြစ်တဲ့အတွက် ပြည်သူတွေ ပင်ပန်းမှာပဲ၊ ဆင်းရဲမှာပဲ။ စိတ်ထဲမှာလည်းပဲ အားမလို အားမရနဲ့ အားလုံးခံစားမှုတွေကို ကျော်လွန်ချင်တဲ့ လွန်မြောက်ချင်တဲ့ အချိန်ပေါ့နော်။ ဒီအချိန်ဟာ သိပ်အရေးကြီးပါတယ်။ ကျနော်တို့ရဲ့ ဇွဲတွေ၊ လုံ့လတွေ ဝီရိယတွေ သိပ် အရေးကြီးတယ်။ ပြည်သူတစ်ဦးချင်း၊ တစ်ယောက်ချင်း၊ ပြည်တွင်း ပြည်ပ ပြည်သူတွေရဲ့ ပါဝင် မှုတွေ၊ ပြည်သူတွေရဲ့ အားတွေ ပြည်သူတွေရဲ့ စိတ်ဆန္ဒတွေ သိပ်အရေးကြီးပါတယ်။ တကယ်တမ်း စဉ်းစားကြည့်ရင် ကျနော်တို့ရဲ့ ဒီတော်လှန်ရေးအစ Day 1 နဲ့ ဒီနေ့ ၃ နှစ်ကျော် စဉ်းစားကြည့်ရင် အများကြီး တိုးတက် တိုးတက်အောင်မြင်နေတာဖြစ်တယ်။ ဒါပေမယ့်လည်း အမြန်ဆုံးပြီးချင်တယ်၊ ကိုယ်ခံစားနေရတဲ့ ဒုက္ခတွေကို ကျော်လွှားချင်တာဖြစ်တယ်၊ တော့ အမြန်ဆုံးပြီးအောင်ကျနော်တို့ တတွေ ဆောင်ရွက်ချင်ကြတာလူတိုင်းရဲ့ ဆန္ဒပဲဖြစ်တယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ လည်း အခုအောင်မြင်မှုတွေကို ခွန်အားယူပြီး စိတ်ဓာတ်တွေ မယိုင်းမယိုင် ပဲနဲ့ ဒီတော်လှန်ရေးကို ဆက်ပြီး ပါဝင် ကြဖို့ တွန်းကြဖို့လိုပါတယ်။ အခုအချိန်မှာ အစွမ်းကုန် ထုတ်ပြီး တွန်းဖို့လိုတယ်။ တွန်းလိုက် မယ် ဆိုရင် မကြာခင်မှာ ဒါက တကယ် တော့ပြီးဆုံးသွားရတော့မှာ ဖြစ်ပါတယ်။” ဟု ဒေါက်တာ ဇော်ဝေစိုးက ပြည်သူလူထုကို တိုက်တွန်းပြောကြားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး ကျော်သေဆုံးပြီး လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်သံ)

မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး ကျော်သေဆုံးပြီး လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၂ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး ကျော်သေဆုံးပြီး လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၄ ၊ အမှတ် ၁၀ တပ်ရင်း - နွားထိုးကြီး...