Magway News

Magway News

ပခုက္ကူမြို့ပျူခေါင်းဆောင် အရှည်ကြီး(ခ)ဒူးရှည်ကို ဖမ်းမိပြီး ပကဖကိုလွှဲပြောင်းပေး

 

သံလွင်မြန်မာသတင်း

မေလ ၁၄

 

မကွေးတိုင်း၊ ပခုက္ကူမြို့ ၊ စက်မှုဇုန် ၆ လမ်းနှင့် ၇ လမ်းကြားတွင် နေထိုင်သော ပျူခေါင်းဆောင် အရှည်ကြီး(ခ) ဒူးရှည်အားဖမ်းမိခဲ့ပြီး နယ်မြေခံပကဖကို လွှဲပေးလိုက်ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့ထံမှ သိရသည်။

 

မေလ ၉ ရက် ညနေ ၅ နာရီခန့်က ပခုက္ကူမြို့၊ စက်မှုဇုန် ၆ လမ်း ၇ လမ်းကြးာနေ ပျူစောထီး ခေါင်း ဆောင် အရှည်ကြီး (ခေါ်) ဒူးရှည်ကို စစ်အသုံးဆောင် ပစ္စည်းအချိုနှင့်အတူဖမ်းဆီးရရှိခဲ့ပြီး သက်ဆိုင် ရာ နယ်မြေတပ်ဖွဲ့ထံလွှဲပြောင်းပေးအပ်လိုက်ကြောင်း၊ ၎င်းသည်ပျူစောထီးခေါင်းဆောင်တစ်ဦး ဖြစ် ပြီး ပြည်သူများအပေါ် အနိုင်ကျင့်နှိပ်စက်မှုများ ပြုလုပ်သည့်အပြင် စစ်ကောင်စီ၏ စစ်ဆင်ရေး များ တွင် အရေးပါသူတစ်ဦးဖြစ်ကြောင်း သိရသည်။

“တကယ်ကသူ့ကို သွားဖမ်းတာမဟုတ်ဘူး။ စစ်ဆင်ရေးသွားလုပ်တာက ဗိုလ်ကိုသွားလုပ်တာ၊ သူက လမ်းမှာတွေ့လို့ ဗိုလ်ကိုမလုပ်ပဲနဲ့ သူ့ကို ဆွဲခေါ်လာတာ၊ စစ်ဆင်ရေးက သူကဖြစ်သွားတာပေါ့၊ စစ် ဆေးမှုကတော့နယ်မြေခံကပဲလုပ်နေတာ၊ ကျနော်တို့ကတော့ ရောက်ရောက်ချင်းပဲ စစ်မေးပြီး မြေ ပြင်အဖွဲ့တွေပဲလွှဲပေးလိုက်တာ။ လက်နက်ပစ္စည်းတွေလည်းပါတယ်။ အကုန်နယ်မြေခံပကဖ အဖွဲ့တွေပဲ လွှဲပေးလိုက်တာ” ဟု Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင်ဗိုလ်မိုက်ခဲက ပြောကြားသည်။

 

အဆိုပါ စစ်ဆင်ရေးကို Myingyan Black Tiger (MBT)တပ်ဖွဲနှင့်အတူ နဂါးမင်း (PDF)အဖွဲမှ ပူး ပေါင်းကာလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူကို အနိုင်ကျင့်နှိပ်စက်နေသည့် မည်သူကိုမဆို အရေးယူမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

အကြမ်းဖက်စစ်အုပ်စု၏ ညှင်းပန်းနှိပ်စက်မှုကြောင့် ကင်ဆာရောဂါရရှိပြီး ဆေးဝါးလုံလောက်စွာ ကုသမှုမပေးသဖြင့် မန္တလေးမြို့၊ ရတနာပုဂံတိုက် ဆရာတော် ဦးပသံသိယ ပျံလွန်တော်မူ   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၇   မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်အတွင်း၌ အကြမ်းဖက်စစ်အုပ်စု၏ ညှင်းပန်းနှိပ်စက်မှုကြောင့် ကင်ဆာရောဂါရရှိပြီး ဆေးဝါးကုသမှု လုံလောက်စွာ မရရှိသဖြင့် ရတနာပုဂံတိုက် ဆရာတော်...