Political News

Political News

ULA/AA ၏ နိုင်ငံရေးမှူး ဦးဦးလှစော ကွယ်လွန်ခြင်း အောက်မေ့ဖွယ်အခမ်း မဲဆောက်မြို့တွင် ကျင်းပ

 

သံလွင်မြန်မာသတင်း

မေလ ၁၂

 

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် – ULA/AA ၏ နိုင်ငံရေးမှူး ဦးဦးလှစောကွယ်လွန်ခြင်း အောက်မေ့ဖွယ် အခမ်းအနားကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် မေလ ၁၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။

 

မေလ ၅ ရက် ည ၁၁ နာရီ ၂၀ မိနစ်က အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရှိ ဆေးရုံ တစ်ရုံတွင် လည် ချောင်း ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည့် အသက် ၇၂ နှစ်အရွယ် ဦးဦးလှစော (ခ) မောင်ခိုင် အောင်သည် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် – ULA/AA ၏ နိုင်ငံရေးမှူးတစ်ဦးဖြစ်သလို စာရေး ဆရာ တစ်ဦး လည်းဖြစ်ပြီး AASYC အပါအဝင် နိုင်ငံရေးလောကနှင့်စာပေလောကမှ အသိမိတ်ဆွေများ က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီလို အခမ်းအနားမျိုးကို အချိန်အတိုအတွင်းမှာ ပြုလုပ်နိုင်ခဲ့တာဟာ ဆရာ ဦးဦးလှစောရဲ့ နိုင်ငံရေး အရှိန်အဝါက ကျနော်တို့ ရခိုင်လူငယ်တွေရဲ့ ရင်ထဲမှာ ဘယ်လောက်အတိုင်းအတာထိ ရိုက်ခတ် နေသလဲဆိုတာကို ပြသတာဖြစ်ပါတယ်။ ဦးဦးလှစောဟာ ကျနော်တို့ ရခိုင်လူမှု အဖွဲ့အစည်းထဲမှာ ယုံကြည်မှုရော၊ လေးစားမှုရော၊ ချစ်ကြည်မှုရော အများကြီးရရှိထားတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အထူး သဖြင့် ဦးဦးလှစောကို လေးစားကြတဲ့ အကြောင်းအရာ ၃ ချက်ရှိပါတယ်။ ပထမအချက် သူရဲ့ ပညာ အရည်အချင်းဖြစ်ပါတယ်။ ဒုတိယ တစ်ချက်က သူရဲ့ နိုင်ငံရေးအရ ပေးဆပ်စွန့်လွှတ်မှုနဲ့ ရိုး သားမှု ဖြစ်ပြီး တတိယမှာ သူရဲ့အနုပညာစွမ်းရည်ဖြစ်ပါတယ်”ဟု ရခိုင်ပြည်အမျိုးသားကောင်စီ၊ ရခိုင် ပြည်တပ်မတော် (ANC/AA)လ်မှူးကြီးမင်းထွန်းက ပြောကြားသည်။

 

ဦးဦးလှစောသည် ကျောင်းသားဘဝကတည်းက နိုင်ငံရေးလောကထဲကို ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ထောင်ဒဏ်ချမှတ်ခံရကြောင်း၊ ယင်းအချိန်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ဖြစ်ပြီး မြန်မာ့ နိုင်ငံရေးလောကထဲတွင် သေဆုံးချိန်အထိဖြတ်သန်းသွားသူဖြစ်သည်။

Photo – ဦးဦးလှစော ကွယ်လွန်ခြင်းအောက်မေ့ဖွယ်အခမ်းအနားမြင်ကွင်း

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ရှိ ပါမိုးနဲ သုဿန်နှင့် ဩတချောင်း သုဿန်မြေများကို City Square ပိုင်ရှင် သီဟကုမ္ပဏီက စစ်တပ်နှင့်ပေါင်းပြီး သိမ်းယူ

တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ရှိ ပါမိုးနဲ သုဿန်နှင့် ဩတချောင်း သုဿန်မြေများကို City Square ပိုင်ရှင် သီဟကုမ္ပဏီက စစ်တပ်နှင့်ပေါင်းပြီး သိမ်းယူ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ ပါမိုနဲ့ သုဿန်မြေနှင့် ဩတချောင်း သုဿန်မြေတို့ကို စစ်တပ်နှင့်ပေါင်းပြီး သိမ်းယူထားကြောင်း ဒေသနေပြည်သူများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လအတွင်းက တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၃ အတွင်းရှိ ပါမိုနဲ သုဿန် နှင့်...