Shwe Bo News

Shwe Bo News

ရွှေဘိုမြို့ရှိ စခတ ၈ နှင့် ကျောက်မြောင်းမြို့ ခမရ ၁၂ တပ်ရင်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး (ရုပ်သံ)

 

D Day News

ဧပြီလ ၂၈

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ စခတ ၈ နှင့် ခမရ ၁၂ တပ်ရပ်တို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မတစ်ထောင် (တစ်ကောင်ဘွား) ဒီပဲယင်း အဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၂၅ ရက် ညနေ ၅ နာရီ မိနစ် ၃၀ အချိန်ခန့်က ရွှေဘိုမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စခတ – ၈ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးသီး ၅ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ပစ်မှတ်နေရာကို ထိမှန်ပေါက်ကွဲ ခဲ့ပြီး အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ အလားတူ ကျောက် မြောင်းမြို့ ခမရ ၁၂ အထိုင်တပ်ရင်းကို ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကျဲချတိုက်ိုက်ခဲ့ရာ အကြမ်းဖက်စစ် သား ၁ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

https://youtu.be/-YzQAil57n8

“စခတ ၈ ဆိုတာက ရွှေဘိုမြို့ရဲ့ အကြီးဆုံးတပ်ဖြစ်ပါတယ်။ ပြီးတော့ ခမရ ၁၂ ဆိုတာကလည်း ကျောက်မြောင်းမြို့ရဲ့ အကြီးဆုံးတပ်ပါ။ အခုချတဲ့ နေရာ ၂ နေရာက ဘယ် ဒရုန်းသမားမှ တစ်ကြိမ်မှ ဗုံးသီးမချသေးတဲ့ နေရာဖြစ်ပါတယ်” ဟု မတစ်ထောင် (တစ်ကောင်ဘွား) ဒီပဲယင်း အဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

 

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများဘက်မှ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော် လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

 

အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင် (ပကဖ) ဒရုန်းတပ်ဖွဲ့၊ မတစ်ထောင်(တစ်ကောင်ဘွား) (ဒီပဲယင်း) အဖွဲ့၊ SHAR HTOO WAWနည်းပညာတပ်ဖွဲ့ Team 6 (Drop For Justice -DFJအဖွဲ့)၊ Yaung Ni Shwebo အဖွဲ့ ၊ YE-U Freedom Comrades (YFC) အဖွဲ့၊ ဝံပုလွေ အဖွဲ့ (ရေဦး)၊ ကြောင်လက်သည်း အဖွဲ့ (ဝက်လက်)၊ တန်ခိုးရှင်အဖွဲ့(ဝက်လက်)၊ ကိုးတောင်ကျားအဖွဲ့(ဝက်လက်)၊ နယ်စည်းမခြား ဗိုလ်ပျံလွှား (ဝက်လက်) နှင့် ရွှေဘိုခရိုင် အမှတ်(၅)တပ်ရင်း တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။

 

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
၂၀၂၅ ခုနှစ် ၊ ၇ လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၄၀၉ ဦး ပြည့်ရင်ခွင်ထံ အလင်းဝင်

၂၀၂၅ ခုနှစ် ၊ ၇ လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၄၀၉ ဦး ပြည့်ရင်ခွင်ထံ အလင်းဝင်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၂ ၂၀၂၅ ခုနှစ်၊ ၇ လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၄၀၉ ဦး ပြည်သူ့ရင်ခွင်ထံ ချိတ် ဆက်အလင်းဝင်ရောက်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လ ကုန်အထိ အမျိုးသားညီညွတ်ရေးအစိုးရ၊...