Yangon News

Yangon News

စမ်းချောင်းမြို့နယ်၊ မဟာမြိုင်ရဲရိပ်သာကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်

 

သံလွင်မြန်မာသတင်း

မေလ ၁၂

 

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မဟာမြိုင် ရဲ ရိပ်သာကို လက်ပစ်ဗုံးဖြင့်ပစ်ခတ်ဖောက်ခွဲ တိုက်ခိုက်ခဲ့ ကြောင်း Freeland Attack Force – FLA ထံမှ သိရသည်။

 

ယမန်နေ့ မေလ ၁၁ ရက် ည ၈ နာရီ ၄၀ မိနစ်က စမ်းချောင်းမြို့နယ်၊ မဟာမြိုင်ရဲဝန်းအတွင်းသို့ ရန်ကုန်မြို့ပြ ပြောက်ကျားရဲဘော်များက လက်ပစ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရဲတန်း လျား၏ ထိပ်ဆုံးအခန်းတွင် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက်မှုအခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ထိခိုက်မှုအခြေအနေ အသေးစိတ်တော့ မသိရသေးပါဘူး။ စုံစမ်းနေဆဲပါပဲ၊ ရဲဘော်တွေကတော့ ဘေးကင်းလုံခြံတဲ့နေရာ ရောက်နေပါပြီ” ဟု Freeland Attack Force – FLA မှ တာဝန်ရှိသူတစ် ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Freeland Attack Force (FLA) နှင့် Anonymous Fighters Force (AFF) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မြို့ပြပြောက်ကျား အင်အားစုများအနေဖြင့် ရန်ကုန်မြို့ပြအတွင်း အများပြည်သူလူထုနှင့် အတူ လျှို့ ဝှက်စွာ ရှိနေဆဲဖြစ်ပြီး စစ်ဆင်ရေးများကြောင့် အများပြည်သူများအနေဖြင့် စိတ်အနှောက်ယှက် တစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက နားလည်ခွင့်လွှတ်ပေးပါရန် ပြည်သူ့ရဲဘော်များပီပီ အနူးအညွှန့် တောင်းပန်အပ်ပါကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Karenni State News

Karenni State News

ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအင်း အရှေ့ဘက်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရ   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၀   ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအင်းအရှေ့ဘက်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ် က လက်နက်ကြီးများဖြင့်...