Magway News

Magway News

ဂန့်ဂေါမြို့နယ်၊ လယ်မကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး လူငယ် ၁၁ ဦးကို အစုလိုက်အပြုံ လိုက် သတ်ဖြတ်ကာ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများအပါအဝင် ၃၀ ကျော်ကိုဖမ်းဆီး

 

သံလွင်မြန်မာသတင်း

မေလ ၁၂

 

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လယ်မကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး လူငယ် ၁၁ ဦးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ကာ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများအပါအဝင် ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးသွားကြောင်း ယောအလင်းတန်းထံမှ သိရသည်။

 

ယနေ့မေလ ၁၂ ရက် နံနက်အစောပိုင်း ၂ နာရီခန့်က ဂန့်ဂေါမြို့ ၊ ခလရ ၅၀ တပ်ရင်းမှ ထွက်ခွာလာ သည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် လယ်မကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး လူငယ် ၁၁ ဦး ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ကာ ကျေးရွာ သက်ကြီးရွယ်အိုများ၊ မိန်းကလေးများ အပါအဝင် ၃၀ ခန့်ကို ဖမ်းဆီးသွားကြောင်း သိရသည်။

Photo – ပုံဟောင်း

“မနက်အစောကြီးရွာထဲဝင်ပြီး သတ်သွားတာ။ တော်တော်ဆိုးဆိုးဝါးဝါးပါပဲ၊ ဖမ်းခံရသူတွေထဲမှာ လည်း သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေရောပဲ။ စစ်ကြောင်းထဲမှာ ဒေသခံပျူတွေလည်းပါတယ်။ လယ်မရွာသား ပျူ ထွန်းထွန်းအောင် ၊ ပြည့်မရွာက ဖိုးတောနဲ့ စိန်ဘိုတင့် တို့ ၃ ဦးလည်းပါတယ်။” ဟု ယောအလင်းတန်းမှ ကိုဘကောာင်း ပြောကြားသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ သတ်ဖြတ်ခံရသူများမှာ အသက် ၂၄ နှစ်အရွယ် ကိုကျော်စန်းခိုင်၊ အသက် ၂၃ နှစ်အရွယ် ကိုသက်ပိုင်ဦး၊ အသက် ၃၉ နှစ်အရွယ် ကိုအောင်ကြည်မင်း ၊ အသက် ၂၅ နှစ် အရွယ် ကိုနေလင်းဦး ၊ အသက် ၂၇ နှစ်အရွယ် ကိုညီလေး ၊ အသက် ၁၉ နှစ်အရွယ် ကိုဂျွန်ကိုဝင်း ၊ အသက် ၁၉ နှစ်အရွယ် ကိုကျော်မြတ်သူ၊ အသက် ၁၅ နှစ်အရွယ် ၉ တန်းကျောင်းသား မောင်သီဟ လင်း ၊ အသက် ၁၅ နှစ်အရွယ် ၉ တန်းကျောင်းသား မောင်မျိုးသီဟ ၊ အသက် ၁၂ နှစ်အရွယ် ၇ တန်း ကျောင်းသား မောင်လျှံထွန်း နှင့် အသက် ၁၃ နှစ် အရွယ် မောင်မှိုင်းဝေ တို့ဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင် အသက်အရွယ်ကြီးရင့်သူများနှင့် အမျိုးသမီး ၁၀ ဦးခန့်ကို ပြန်လွှတ်ပေးလိုက်သည်ဟု သိရှိရသော်လည်း ကျန်သူများ၏ အခြေအနေကို စုံစမ်းသိရှိရခြင်းမရှိကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Karenni State News

Karenni State News

ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအင်း အရှေ့ဘက်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရ   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၀   ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအင်းအရှေ့ဘက်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ် က လက်နက်ကြီးများဖြင့်...