Yangon News

Yangon News

မြောက်ဒဂုံမြို့နယ်၊ ပြည်ထောင်စုလမ်းမဘေးရှိ အားကစားခန်းမ၌ တပ်စွဲထားသော စစ်သားများကို ပြင်းအားမြင့်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

 

သံလွင်မြန်မာသတင်း

မေလ ၁၂

 

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ အမှတ် ၂၉ ရပ်ကွက်၊ ပြည်ထောင်စုလမ်းမဘေးရှိ အားကစားခန်းမ၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ပြင်းအားမြင့်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ မေလ ၁၀ ရက် ည ၁၀ နာရီ ၃၅ မိနစ်က မြောက်ဒဂုံမြို့နယ်၊ အမှတ် ၂၉ ရပ်ကွက်၊ ပြည် ထောင်စုလမ်းမဘေးရှိ အားကစားခန်းမ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများ ကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြင်းအားမြင့် မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိရောက်စွာတိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ တပ်သား ထိခိုက်သေဆုံးမှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ထိခိုက်သေဆုံးမှုအခြေအနေက မသိရသေးဘူး။ ဂိတ်ထဲအထိ ကျရောက်ပေါက်ခဲ့တဲ့အတွက် ထိခိုက် မှုကရှိနိုင်ပါတယ်။ ရဲဘော်တွေအားလုံးဘေးကင်းစွာနဲ့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု မြောက် ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

မြောက်ဥက္ကာလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ရန်ကုန်မြို့တွင်းရှိ အကြမ်းဖက်စစ် ကောင်စီတပ်သား၊ ထောက်တိုင်များကို ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်သောကြောင့် မိဘ ပြည်သူများ အနေဖြင့် စစ်ကောင်စီဂိတ်၊ စခန်းများကို ရှောင်ရှားသွားလာနေထိုင်ပေးကြပါရန် မေတ္တာ ရပ်ခံတိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Yangon News

Yangon News

ရန်ကုန်မြို့၊ စမ်း/တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်   သံလွင်မြန်မာသတင်း မေလ ၁၉   ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ စမ်း/တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army – YA တပ်ဖွဲ့က ထုတ်ပြန်သည်။   ယနေ့မေလ ၁၉ ရက်...