Pakokku News

Pakokku News

ပခုက္ကူမြို့နယ်၊ ငဖောင်ကန်ရွာ၊ ဘုန်းကန်ရွာရှိ စစ်သားများနှင့် စစ်ကူကား ၂ စီးကို ဒရုန်း၊ မိုင်းတို့ဖြင့် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ကား ၂ စီး (ရုပ်သံ)

 

D Day News

ဧပြီလ ၂၈

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ငဖောင်ကန်ရွာနှင့် ဘုန်းကန်ရွာရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ကို ဒရုန်း၊ မိုင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ကား ၂ စီး ပျက်စီးခဲ့ကြောင်း မြိုင်ပကဖ ထံမှ သိရသည်။

 

ဧပြီလ ၂၅ ရက် နံနက် ၈ နာရီခန့်က ပခုက္ကူမြို့နယ် ငဖောင်ကန်ကျေးရွာ၌ တပ်စွဲထားသော အကြမ်း ဖက် စစ်သား၊ ပျူစောထီးများအား Drop Bomb ဗုံးသီး 1.5 kg ၄ လုံးဖြင့် ကျဲချ တိုက်ခိုက်ခဲ့ရာ ဘန် ကာအနီး ကျရောက်ပေါက်ကွဲခဲ့ပြီးအကြမ်းဖက်စစ်သား ၂ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ယင်းအကြမ်းဖက်စစ်သားများသည် ကျေးရွာအတွင်း၌ နေထိုင်၍ ဖြတ်သန်းသွားလာသော ပြည်သူ များနှင့် ခရီးသွားမော်တော်ယာဥ်များကို အနိုင်ကျင့်၍ ဆက်ကြေးကောက်ခံခြင်း၊ ရိက္ခာများ ကားပေါ် ဆွဲချယူဆောင်ခြင်းတို့ လုပ်ဆောင်လျက်ရှိသဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

https://youtu.be/-O1wP_NbO48

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ၊ Black Cobra (ကမ္မတပ်ပေါင်းစု)၊ DMG (ဓားမင်းကြီး) နှင့် PKU Thu Rain အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အလားတူ ပခုက္ကူမြို့နယ်၊ ဘုန်းကန်ကျေးရွာရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ဒရုန်းဖြင့် Drop ဗုံးသီး အလုံး ၃၀ ကျော် ကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၂၅ ရက် နံနက် ၁၀ နာရီအချိန်မှ ညနေ ၅ နာရီကျော် အချိန်ထိ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကူ လာသော စစ်ကား ၁ စီးနှင့် ပျူစောထီးကား ၁ စီးကို ယူကလစ်စခန်းကုန်းနှင့် ဘုန်းကန်ပျူရွာကြား၌ မိုင်းပွိင့် ၂၀ ဖြင့် တိုက်ခိုက်ခဲ့ရာ ကားပေါ်တွင်လိုက်ပါလာသော စစ်သား၊ ပျူစောထီး ၁၁ ဦးခန့် ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းကား ၂ စီးမှာလည်း မိုင်းထိပျက်စီးသွားသဖြင့် လုံခြုံရေး အင်အား အများအပြား ယူကာ ကား ၄ စီးဖြင့် ပြန်လည်ဆွဲယူသွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ၊ Black Cobra (ကမ္မတပ်ပေါင်းစု)၊ Kmma Defense Force (KMDF)၊ PKU Thurain နှင့် DMG (ဓားမင်းကြီး) ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး ကျော်သေဆုံးပြီး လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်သံ)

မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး ကျော်သေဆုံးပြီး လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၂ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး ကျော်သေဆုံးပြီး လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၄ ၊ အမှတ် ၁၀ တပ်ရင်း - နွားထိုးကြီး...