Yangon News

Yangon News

လှည်းကူးမြို့နယ်အခြေစိုက် ခမရ ၂၁၁ တပ်ရင်းဂိတ်စခန်းကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

 

သံလွင်မြန်မာသတင်းဗ
မေလ ၁၁

 

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်အခြေစိုက် ခမရ ၂၁၁ တပ်ရင်း ဂိတ်စခန်းကို လက်ပစ်ဗုံးဖြင့် ပစ်ခတ် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Yangon Army (YA) က ထုတ်ပြန်သည်။

 

ယမန်နေ့ မေလ ၁၀ ရက် ညနေ ၆ နာရီ ၄၀ မိနစ်က လှည်းကူးမြို့နယ်အတွင်း အခြေစိုက်ထားသည့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ခမရ ၂၁၁ တပ်ရင်းဂိတ်စခန်းအတွင်းသို့ Yangon Army – YA အဖွဲ့မှ မြို့ပြပြောက်ကျား ရဲဘော်များက လမ်းကြုံအခွင့်အရေးရသဖြင့် လက်ပစ်ဗုံး ၁ လုံးဖြင့် ပစ် ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိထိရောက်ရောက် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထိုသို့ ကျရောက်ပေါက်ကွဲမှုကြောင့် ဂိတ်စခန်းအတွင်းရှိ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိ နိုင်ပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ အကြမ်းဖက်စစ်ကောင်စီနှင့် စစ်ကောင်စီထောက်တိုင်များကို တိုက်ခိုက်ချေမှုန်းသွား မည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သား၊ ရဲ ၊ ပျူများအနီးသွားလာနေထိုင်ခြင်း မပြုကြပါရန် တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mon State News

Mon State News

စစ်ကောင်စီ၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်ကို လိုက်ပါကူညီမည့်သူများစာရင်းကို ရရှိထားပြီး ဆက်လက်ပါဝင်နေပါက အရေးယူသွားမည်ဟုဆို   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၁   မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများကို လိုက်ပါကူညီ မည့်သူများ၏ စာရင်းကို ရရှိထားပြီး ဆက်လက်ပါဝင်လုပ်ဆောင်နေပါက အရေးယူသွားမည်ဖြစ် ကြောင်း မွန်ပြည်နယ်အခြေစိုက်တပ်ဖွဲ့...