Poem

Poem

ကဗျာကဏ္ဍ “ခေါင်းဆောင်ပျက်က လူလဲကြ”

 

ပျိုးကြဲလက်

 

အဆောက်အအုံ ၊ ခေါင်မလုံက

ပူတုံအေးတုံ ၊ မိုးရွှဲကုန်၍

ခိုလှုံအတိ ၊ ဘေးဒဏ်ထိ၏ ။

 

ဦးဆောင်ဦးရွက် ၊ ခေါင်းဆောင်ဖျက်လျှင်

တိုင်းပျက်ပြည်ပျက် ၊ တရားပျက်၍

ခိုးဝှက်ဖောက်ပြား ၊ ပြည်ချောက်ချား၏ ။

 

အဆောက်ဦမှန် ၊ ကြံ့ကြံ့ခံ၍

လေလှန်မလဲ ၊ ဘယာစဲအောင်

အမြဲပြင်မှ ၊ ချမ်းသာရ၏ ။

 

ခေါင်းဆောင်ဖြစ်ဆဲ ၊ ဉာဏ်ရည်နည်း၍

ပြည်ထဲရေးရာ ၊ မစွမ်းသာလျှင်

မြို့ရွာနယ်စုံ ၊ လဲလှယ်ကုန်လော့ ။

 

မပြုပြင်က ၊ ဆောက်ဦတခု

အမီပြုသူ ၊ ဆင်းရဲမူလည်း

လူမလဲက ၊ အစိုးရတွင်

မခန့်မငြား ၊ ပြည်တလွှား၌

ခိုးသားထူပြော ၊ ရေစုန်မျော၏ ။

 

အို

 

တိုင်းသူပြည်သား ၊ ဌာနေဖွားတို့

ဘိုးဘွားအမွေ ၊ အဓွန့်ရှည်၍

ကိုယ့်မြေကိုယ့်ယာ ၊ ကိုယ့်ဂေဟာတွင်

သူငါအားကျ ၊ ငြိမ်းချမ်းရအောင်

သတိဆောင်လျှက် ၊ ခေါင်းဆောင်ပျက်လျှင်

ချက်ချင်းဖြုတ်ချ ၊ လူလဲကြလော့ ။   ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ မေလ ၄ ရက် ညနေ ၅ နာရီ ၅၇ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Poem

Poem

ကဗျာကဏ္ဍ “ရုန်းထချိန်”   ပျိုးကြဲလက်   စစ်တလင်းမှာဖြင့် ချစ်ခြင်းကို စာစီလို့ ကဗျာသီကာ စာမဖွဲ့နိုင်ပေဘု ထံတျာနွဲ့ တေးသံသာ ။   နေရီရီ ခင်နှမရယ်နဲ့ တေးကဗျာ ရေးကာစမ်းစဉ်က ဆွေးစရာ ရှေးခါလွမ်းပါဘိတယ် တမ်းတခါခါ ။   ခွဲရပေါ့ တူနှစ်ဖြာ...