Sagaing News

Sagaing News

ချောင်းဦးမြို့နယ်တွင် ရှင်ပြုပွဲကျင်းပရန် ပြင်ဆင်နေစဉ် လေကြောင်းဖြင့် ဗုံးကြဲခံရပြီး အသက် ၁၂ နှစ်အရွယ် မောင်ရှင်လောင်းနှင့် ဖခင်ဖြစ်သူအပါအဝင် ၃ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

မေလ ၁၀

 

စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာတွင် ရှင်းပြုပွဲကျင်းပရန် ပြင်ဆင်နေစဉ် စစ်တပ် က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၁၂ နှစ်အရွယ် မောင်ရှင်လောင်းနှင့်ဖခင်ဖြစ်သူတို့ အပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း Chaung U Revolution News – CRN ထံက သိရသည်။

 

ယနေ့မေလ ၁၀ ရက် နံနက် ၁၁ နာရီ ၄၀ မိနစ်က ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာကို စစ်ကောင် စီလက်အောက်ခံ မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခ မှတက်လာသော ပါရာမို တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မနက်ဖြန် မေလ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အလှူပွဲကျင်းပ မည့် နေအိမ်ရှ့သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထို့သို့ ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၂ နှစ်အရွယ် မောင်ရှင်လောင်း ကလေးတစ်ဦး၊ ၎င်း၏ ဖခင် အသက် ၃၀ အရွယ် အမျိုးသားနှင့် အသက် ၃၀ အရွယ် နောက်ထပ်အမျိုးသား တစ်ဦး တို့ သေဆုံးခဲ့ပြီး အသက် ၅ နှစ် အရွယ် ကလေးငယ်နားထွင်းမင်္ဂလာပြုလုပ်မည့် မိန်းကလေးတစ်ဦး၊ အလှူ့ဒါယိကာမအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ရှင်ပြုနာသအလှူတော်မင်္ဂလာပွဲကို အကျဉ်းချုံးကာ ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ရန် စီစဉ်ထား ပြီး ယနေ့ အလှူ အဝင်နေ့တွင် စစ်ကောင်စီတပ်က နေအိမ်ကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။

 

ပြီးခဲ့သည့် ဧပြီလ ၆ ရက် ညသန်းခေါင်းယံအချိန်ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်က စက်တပ် လေထီး ပါရာမိုတာဖြင့် အဆိုပါ သုံးပန်လှကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် မီးလောင်ပြာကျခဲ့ ပြီး မိသားစုဝင် ၃ ဦးသေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ရှိ ပါမိုးနဲ သုဿန်နှင့် ဩတချောင်း သုဿန်မြေများကို City Square ပိုင်ရှင် သီဟကုမ္ပဏီက စစ်တပ်နှင့်ပေါင်းပြီး သိမ်းယူ

တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ရှိ ပါမိုးနဲ သုဿန်နှင့် ဩတချောင်း သုဿန်မြေများကို City Square ပိုင်ရှင် သီဟကုမ္ပဏီက စစ်တပ်နှင့်ပေါင်းပြီး သိမ်းယူ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ ပါမိုနဲ့ သုဿန်မြေနှင့် ဩတချောင်း သုဿန်မြေတို့ကို စစ်တပ်နှင့်ပေါင်းပြီး သိမ်းယူထားကြောင်း ဒေသနေပြည်သူများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လအတွင်းက တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၃ အတွင်းရှိ ပါမိုနဲ သုဿန် နှင့်...