Magway News

Magway News

ဆောမြို့နယ်၊ ကျောက်ထုဒေသကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ကျေးရွာ ၁၀ ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရ

 

သံလွင်မြန်မာသတင်း

မေလ ၁၀

 

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ကျောက်ထုဒေသကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေကြရကြောင်း ယောအလင်းတန်းထံမှ သိရသည်။

 

ယမန်နေ့ မေလ ၉ ရက်နေ့တွင် ဆောမြို့နယ်၊ ကျောက်ထုဒေသကို အကြမ်းဖက်စစ်ကောင်စီ၏ တံ တားဦး လေတပ်မှ တက်လာသော Y12 လေယာဉ်တစ်စီးဖြင့် နံနက် ၆ နာရီ ၂၀ မိနစ်တွင် ဗုံးသီး ၃ လုံး၊ နံနက် ၆ နာရီ ၂၂ မိနစ်တွင် ဗုံးသီး ၃ လုံး ၊ နံနက် ၆ နာရီ ၂၇ မိနစ်တွင် ဗုံးသီး ၃ လုံး၊ နံနက် ၆ နာရီ ၃၀ မိနစ်တွင် ဗုံးသီး ၃ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ထိခိုက်ပျက်စီးမှုအခြေအနေက မသိရသေးပါဘူး။ စကစ က နေ့တိုင်းဗုံးကျဲနေတာ၊ ပြည်သူတွေ အနေနဲ့ အစစအရာရာ ဂရုစိုက်ပေးဖို့ပြောချင်ပါတယ်” ဟု ယောအလင်းတန်းမှ ကိုဘကောင်းက ပြောကြားသည်။

 

ယောဒေသကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းဖြင့် ဗုံးကြဲ တိုက်နေမှုကြောင့် ဆောမြို့နယ်အတွင်းရှိ မြို့ပေါက်၊ချောင်းကူး၊ယောမြို့၊ရင့်ရဲ၊ကံကြီး၊ကြန်တော၊ ပြင်လယ်၊တောင့်ထက်၊ရေရှင်နှင့်ပေါက်ခေါင်းကျေးရွာတို့မှ ပြည်သူများ တိမ်းရှောင်နေရကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို စစ်ရေးလှုပ်ရှားမှုတွေ မရှိဘဲ အရပ်သား ပြည်သူလူထုနေထိုင်ရာ ကျေးရွာများကို ဦးတည်၍ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု များနေ့စဉ် နှင့်အမျှ ပြုလုပ်လျက်ရှိရာ မိဘပြည်သူများအနေဖြင့် လေကြောင်းရန်ကာကွယ်ရေးနည်းလမ်းများ လိုက်နာပေးကြပါရန်နှင့်အိမ်တိုင်းအိမ်တိုင်း ဗုံးခိုကျင်းများတူးထားကြရန် တော်လှန်ရေးအဖွဲ့အစည်း များက တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ပုလဲမြို့နယ်၊ နွယ်အင်းကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၆ တန်းနှင့် ၁၂ တန်းကျောင်းသား၊ ကျောင်းသူ ၂ ဦးအပါအဝင် ၄ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၁၈   စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နွယ်အင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ...