KNU News

KNU News

ဆောထိမြို့နယ်နှင့်မူးမြို့နယ်တွင် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် မိသားစုဝင် ၂ ဦးသေဆုံးပြီး ကလေး ၂ ဦးအပါအဝင် ၃ ဦးဒဏ်ရာရ၊ နေအိမ် ၁ လုံးပျက်စီး

 

သံလွင်မြန်မာသတင်း

မေလ ၁၀

 

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင်၊ ဆောထိမြို့နယ်နှင့် မူးမြို့နယ်တို့တွင် စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် မိသားစုဝင် ၂ ဦးသေဆုံးပြီး ကလေး ၂ ဦးအပါအဝင် ၃ ဦးဒဏ်ရာရရှိကာ နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

 

မေလ ၅ ရက်နေ့က ကေအဲန်ယူ-ဆောထိမြို့နယ်၊ သူရဲသမိန်ကျေးရွာတွင် အခြေချထားသော စစ် ကောင်စီတပ် ခမရ-၃၅၀ မှ ကွင်းဆိပ်ကျေးရွာ သီတာရေဗုဒ္ဓဘာသာဘုန်းကြီးကျောင်းကို ပစ်မှတ် ထား၍ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းအနီးရှိ နေအိမ် ၁ လုံးပေါ်ကျရောက်ပေါက် ကွဲပြီး နေအိမ် ပျက်စီးခဲ့ကြောင်း သိရသည်။

မေလ ၇ ရက်နေ့ကလည်း ကေအဲန်ယူ-မူးမြို့နယ်တွင် ခေါင်းအင်း ကျေးရွာအတွင်းသို့ စစ်ကောင်စီ တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၅၇ နှစ်ရွယ် ဒေါ်ရီမြင့်နှင့် အသက် ၆၇ နှစ်အ ရွယ် ဦးလှမြင့်တို့ ကျည်စထိမှန် သေဆုံးခဲ့ပြီး အသက် ၃ နှစ်အရွယ် မောင်ငွေပေါက်၊ အသက် ၁၂ နှစ် အရွယ် မပိုးဒီ တို့ ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ကုန်းချောင်းဝကျေးရွာသို့ ရောက်ရှိတပ်စွဲနေသော စစ်ကောင်စီတပ်သားများက ထွနီကုန်း ကျေးရွာအတွင်းသို့ ဟောင်ဝစ်ဇာနှစ်ဆင့်ကွဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ စောကော်လားသူး လက် နက်ကြီးစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Photo – စစ်ကောင်စီမှလက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးပျက်စီး မှုများ

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာကို စစ်တပ်ကလေကြောင်း၊ လက်နက် ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရ

သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာကို စစ်တပ်ကလေကြောင်း၊ လက်နက် ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီးကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာတို့ကို အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးပြီး ၄ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ...