CDM News

CDM News

မြိုင်မြို့နယ်၊ ကန်နီရွာမှ ပျူစောထီး ၃ ဦးမိသားစုနှင့်အတူ အလင်းဝင်၊ ကန်နီပျူခေါင်းဆောင်က ကျေးရွာနေ မိန်းမပျိုလေးများကို လက်နက်အား ကိုးဖြင့်ခြိမ်းခြောက်ကာ သားမယားပြုကျင့်နေ

 

သံလွင်မြန်မာသတင်း

မေလ ၁၀

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီရွာမှ ပျူစောထီး ၃ ဦး ထွက်ပြေးလာကာ အလင်းဝင်ခဲ့ပြီး ကျေးရွာ ခေါင်းဆောင်က ကျေးရွာအတွင်းရှိ မိန်းမပျိုးလေးများ ကို လက်နက်အားကိုးဖြင့် ခြိမ်းခြောက်ကာ သားမယားအဖြစ်ပြုကျင့်နေကြောင်း ပခုက္ကူခရိုင်အမှတ် ၁၅ တပ်ရင်းထံမှ သိရသည်။

 

မေလ ၇ ရက်နေ့က မြိုင်မြို့နယ်၊ ကန်နီပျူရွာမှ ထွက်ပြေးလာပြီး အလင်းဝင်လိုကြောင်း ဒေသကာ ကွယ်ရေးအဖွဲ့ – ပကဖ ၏ အကြောင်းကြားလာမှုအရ သွားရောက်ခေါ်ယူစောင့်ရှောက်ပေးခဲ့ကာ စစ် ဆေးမေးမြန်းစဉ် ကန်နီရွာ ပျူစောထီးခေါင်းဆောင်က ကျေးရွာနေမိန်းမပျိုလေးများကို လက်နက် အားကိုးဖြင့် ခြိမ်းခြောက်အနိုင်ကျင့်ကာ သားမယားအဖြစ် ပြုကျင့်နေသည်ကို ဝန်ခံထွက်ဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“လက်ရှိအလင်းဝင်လာတဲ့သူတွေက မလွဲသာမရှောင်သာ လက်နက်ကိုင်ဆောင်ရတဲ့နှစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်ကတော့ ပျူလက်နက်ကိုင်ရဲ့ အမျိုးသမီးပါ။ပျူခေါင်းဆောင်က ရွာထဲမှာ ရှိတဲ့ မိန်းမပျိုလေးတွေကို မယားငယ်အဖြစ် အတင်းအကြပ်လုပ်နေ တာလို့ သိရတယ်၊ အရေအ တွက် တော့ မေးမကြည့်ခဲ့မိဘူး။ တစ်ချို့ဆိုရင် ဗိုက်ကြီးတာတွေရှိတယ်။ အဲဒါကမနှစ်ကအစ ကျနော် တို့ကြားသိထားရတဲ့အကြောင်းအရာပါ” ဟု ပခုက္ကူခရိုင်အမှတ် ၁၅ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

အလင်းဝင်ရောက်ခဲ့သူများမှာ အသက် ၃၀ ကျော်အရွယ် ပျူစောထီး ၂ ဦးနှင့် အသက် ၂၀ ကျော်အ ရွယ် ပျူစောထီး ၁ တို့ဖြစ်ပြီး ကလေး ၃ ယောက်လည်းပါဝင်ကြောင်း သိရသည်။

 

အဆိုပါ ကန်နီပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပိတ်ဆို့ထားရာ စားနပ်ရိက္ခာ ပြတ်လပ်နေမှုများရှိပြီး စစ်တပ်လက်အောက်ခံ ပျူစောထီးများ၏ ညှင်းပန်းနှိပ်စက်မှုကို မခံနိုင်သဖြင့် မကြာခဏထွက်ပြေးလာသူများရှိကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာကို စစ်တပ်ကလေကြောင်း၊ လက်နက် ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရ

သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာကို စစ်တပ်ကလေကြောင်း၊ လက်နက် ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီးကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာတို့ကို အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးပြီး ၄ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ...