TNLA News

TNLA News

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဓာတုအဆိပ်ဗုံးများကြဲချခြင်း၊ လက်နက် ကြီးဖြင့်ပစ်ခတ်ခြင်းလုပ်ဆောင်ကာ စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲပြင်းထန်နေ

 

သံလွင်မြန်မာသတင်း

မေလ ၁၀

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဓာတုအဆိပ်ဗုံး များကြဲချခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းများ လုပ်ဆောင်ကာ စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

 

ယမန်နေ့ မေလ ၉ ရက် နံနက် ၆ နာရီ ၂၀ မိနစ်က နောင်ချိုမြို့နယ်၊ သရက်ချိုကျေးရွာ အနီးတဝိုက် သို့ စစ်ကြောင်းဝင်ရောက်လာသဖြင့် တအာင်းတပ်မတော် PSLF/TNLA တပ်ဖွဲ့မှ ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီ၏ အမတ ၉၀၂ တပ်မှ မွန်းတည့် ၁၂ နာရီ ၂၀ မိနစ်တွင် ဒရုန်းဖြင့် ဗုံးသီး ၅ လုံး၊ လက်နက်ကြီးဖြင့် ၁၀ ကြိမ် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မွန်းလွဲ ၃ နာရီ ၂၀ မိနတစ်တွင် နောင်ချိုမြို့နယ်၊ နောင်လင်ကျေးရွာအနီးတဝိုက်တွင် စစ် ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တပ်တို့ကြား တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲမဖြစ်ပွားမီ မွန်းတည့် ၁၂ နာရီ ၂၀ မိနစ်တွင် ဒရုန်းဖြင့် ဗုံးသီး ၈ လုံး၊ လက်နက်ကြီးဖြင့် ၇ ကြိမ် နောင်လင်ကျေး ရွာ အနီးတဝိုက်ကို ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

မေလ ၉ ရက်နံနက် ၉ နာရီ ၂၀ မိနစ်ကလည်း နောင်ချိုမြို့နယ်၊ ယာပြင်ကျေးရွာကို အကြမ်းဖက်စစ် ကောင်စီ၏ အမတ ၉၀၂ တပ်ရင်းမှ ဒရုန်းဖြင့် ဗုံးသီး ၂ လုံး၊ အဆိပ်ငွေ့ ဗုံးဖြင့် ၁၁ ကြိမ် ကြဲချတိုက် ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုပြင် မွန်းလွဲ ၁ နာရီ ၃ မိနစ်တွင် နောင်ချိုမြို့နယ်၊ တဲခေါ်ရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ် က ဒရုန်းဖြင့် ဗုံးသီး ၉ လုံး၊ အဆိပ်ငွေ့ဗုံး ၄ လုံးဖြင့် အုမ္မတီးကျေးရွာကိုလည်းကောင်း၊ တောင်လှ ကျေးရွာကိုလည်း စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ၁၈ ကြိမ်၊ အဆိပ်ငွေ့ဗုံးဖြင့် ၆ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေး လုပ် ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ် များကို ပြုလုပ်မည်မဟုတ်ဘဲ တစ်ဖက်သတ် အပစ်ရပ်ကာလအား နောက်ထပ် ၁ လ သက်တမ်း ထပ်တိုးကြောင်း မေလ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးစစ်ကောင်စီတပ်ကလည်း မေလ ၆ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရေးသက်တမ်းတိုးမြှင့်ခဲ့သော်လည်း မြေပြင်ထိုး စစ်ဆင်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်း၊ လေကြောင်းဖြင့် ဗုံးကြဲခြင်းများ နေ့လုပ်ဆောင်နေ ခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ အပစ်ရပ်သက်တမ်း ၁ လတိုးထားမှုကို ယုံ ကြည်စိတ်ချခြင်းမပြုပဲ စစ်ကောင်စီတပ်၏ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် မှုရန်မှ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပါကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Kachin State News

Kachin State News

ဖားကန့် -နန့်ယား-ကာမိုင်းလမ်းပိုင်း တံတားညီနောင်အနီးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်သား အများအပြားသေဆုံးကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း မေလ ၁၉   ကချင်ပြည်နယ်၊ ဖားကန့် -နန့်ယား -ကာမိုင်းလမ်းပိုင်း တံတားညီနောင်အနီးတွင် တိုက်ပွဲပြင်းထန် နေပြီး စစ်သားအများအပြားသေဆုံးကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိထားကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ထံက...