ကဗျာကဏ္ဍ “ပြောင်းလှည့်ကြပြီ”
ပျိုးကြဲလက်
လက်နက်ကို နင်မချလို့
ဗိုလ်ကြီးဘဝ လျှောပြီ ။
ငယ်သားတွေ လက်စွမ်းပြတဲ့
နောက်ဘက်ကကျည် ။
ဟာလီကွေ့ရဲ့ စခန်းဂုဏ်ရည်
ထင်ပေါ်သည် တပြည်လုံး ။
ပြည့်အားကို ပုန်ကန်ထရင်
ဘဝပျောက်ဆုံး ။
စစ်မြေမှာ ပြည်သူ့ဘက်က
ရွှေလက်တို့ လာပြီမောင် ။
မသေချင် လက်နက်ချလို့
အလံဖြူထောင် ။
အရာရှိနဲ့ ကပ်ဖားကောင်
တပ်လုံးပြောင်အောင် မမိုက်နဲ့ ။
ငယ်သားတွေ ရှင်သန်ရေးကို
မျှော်တွေးပါကွယ့် ။
ပြည်သူတွေ ပျော်ဖို့အရေး
ဆွေးနွေးလို့ တိုင်ပင်လေ ။
တပ်ဗိုလ်ပါ ရဲဘော်ထုရဲ့
မိသားစုတွေ ။
ပြည်ငြိမ်းမှ ကျမျက်ရည်
ခန်းခြောက်ပါစေ ရွှင်လန်း ။
စစ်မြေမှာ နောက်ကျည်ထုနဲ့
ပြည်သူ့ဝန်ထမ်း ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ မေလ ၃ ရက် နံနက်အစောပိုင်း ၁ နာရီ ၂၆ မိနစ်
Photo – ဟာလီးကွေ့တိုက်ပွဲအတွင်း လက်နက်ချအညံ့ခံသည့် စစ်သားများ
Thanlwin Myanmar Media