Chaung U News

Chaung U News

ချောင်းဦးမြို့အထွက်ရှိ မြပုလဲစစ်ဆေးရေးဂိတ်ကို လက်နက်ကြီးဖြင့် တိုက်ခိုက်မှု စစ်သား ၁၅ ဦး ထက်မနည်း သေဆုံးနိုင်

 

D Day News

ဧပြီလ ၂၈

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ချောင်းဦးမြို့အထွက်ရှိ မြပုလဲ စစ်ဆေးရေးဂိတ်ကို လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၅ ဦးထက်မနည်း သေဆုံးနိုင်ကြောင်း People’s Defence Force – South Monywa တပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၂၆ ရက် ညနေ ၃ နာရီ ၁၅ မိနစ်အချိန်က ချောင်းဦးမြို့အထွက် မြပုလဲဆီဆိုင်ရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို ၆၀ မမ လက်နက်ကြီးဖြင့် ၅ လုံး၊ ၈၀ မမ လက်နက်ကြီး ဖြင့် ၅ လုံး ပစ် ခတ်တိုက်ခိုက်ခဲ့ရာ မြပုလဲ စစ်ဆေးရေးဂိတ်အတွင်း တိတိကျကျ ထိမှန်ပေါက်ကွဲခဲ့ပြီး အကြမ်း ဖက် စစ်သား ၁၅ ဦးထက်မနည်း ခြေပြတ်လက်ပြတ်ဖြစ်ကာ အော်ဟစ်ညည်းညူသံများ ကြားနေရပြီး စစ် ကားဖြင့် ချောင်းဦးမြို့တွင်း သို့ တစ်စီး၊ မုံရွာမြို့တွင်းသို့ တစ်စီး သယ်ဆောင်သွား ကြောင်း သိရ သည်။

 

“သေဆုံးထိခိုက်မှုကတော့ များပါတယ်။ သတင်းအတိအကျ မရတာပါ။ အခုရထားတဲ့အချက် အလက် ၁၅ ကောင်ကလေည်းသေနိုင်တယ်၊ ကျနော်တို့မပစ်ခင် မြပုလဲဂိတ်ထဲကို Jammer ကား တစ်စီးဝင်သွားတာ။ အဲဒီအချိန်ပစ်တာဆိုတော့ ခွေးတွေစုစည်းနေတဲ့အချိန် တိုက်ရိုက်ထိမှန်တာပါ။ ကောင်တာကိုပြန်မပစ်နိုင်ဘူး၊ အော်ဟစ်ညည်းညူသံတွေ အတိုင်းသားကြားနေရပါတယ်” ဟု People’s Defence Force – South Monywa တပ်ဖွဲ့မှ Daung Karyan က ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်းဖြစ်သော People’s Defence Force – South Monywa တပ်ခွဲ ၁ ၊ မုံရွာခရိုင်တပ်ရင်း ၂၇ တပ်ခွဲ ၃ ၊ နှင့် ချောင်းဦးမြို့နယ်ပြည်သူ့ ကာကွယ်ရေး အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သံဖြူဇရပ်မြို့ဝင်ပေါက်ရှိ ဖောင်စိန်စစ်ဆေးရေးတိုးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

သံဖြူဇရပ်မြို့ဝင်ပေါက်ရှိ ဖောင်စိန်စစ်ဆေးရေးတိုးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၄ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ဝင်ပေါက်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဖောင်စိန် စစ်ဆေးရေးတိုးဂိတ် ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ရာမညမွန်တပ်တော်က ထုတ်ပြန် သည်။ ဩဂုတ်လ ၂၂ ရက် နံနက် ၅ နာရီ ၄၅ မိနစ်က သံဖြူဇရပ်မြို့ဝင်ပေါက်ရှိ...