Sagaing News

Sagaing News

အရာတော်မြို့သို့ ရိက္ခာသယ်ရန်ထွက်လာသည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁ ဦး ပွဲချင်းပြီး သေဆုံး(ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မေလ ၉

 

စစ်ကိုင်းတိုင်း၊ အရာတော်မြို့သို့ ရိက္ခာသယ်ရန် ထွက်လာသည့်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း Ngwe Dwin Revolution Force ထံမှ သိရသည်။

 

ယမန်နေ့ မေလ ၈ ရက်နေ့တွင် အရာတော်မြို့နယ်၊ ငွေတွင်း စစ်စခန်းမှ မြို့ပေါ်သို့ ရိက္ခာသယ် ဆောင်ရန် အင်အား ၅၀ ခန့်ဖြင့် ထွက်လာသည့် စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့ဝင်များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၄ နာရီကျော်ကြာမြင့်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း စစ်သား ၁ ဦးနေရာမှာပင်ပွဲချင်းပြီးသေဆုံးပြီး ၆ ဦး အပြင်းအထန်ဒဏ်ရာရရှိ ကာ အရာတော် လေ့ကျင့်ရေး ၁၀ မှ အင်အား အများအပြားဖြင့် တပ်ကူရောက်ရှိလာသည့်အတွက် တော်လှန်ရေး ရဲဘော်များက ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၂၁ တပ်ရင်း နှင့် တိုက်နယ် (၉၊၁၀၊၁၁) တို့က ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

မလှိုင်မြို့နယ်အတွင်း ဝင်ရောက်လာသည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးပြီး လက်နက် ၃ လက်သိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၇   မန္တလေးတိုင်း၊ မလှိုင်မြို့နယ်အတွင်း ဝင်ရောက်လာသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး သေဆုံးပြီး လက်နက်...