KIA News

KIA News

ဖားကန့်မြို့နယ်၊ ဆိုင်းဖာရွာနှင့် ကန့်မှော်ရွာတို့တွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု ထိခိုက်သေဆုံး မှုများပြား

 

သံလွင်မြန်မာသတင်း

မေလ ၉

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းဖာကျေးရွာနှင့် ကန့်မှော်တို့တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုများ ပြားလျက်ရှိကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

 

ယမန်နေ့ မေလ ၈ ရက်နေ့က ဖားန့်မြို့နယ်၊ ဆိုင်းဖာကျေးရွာအတွင်း ဝင်ရောက်လာသော စစ်ကောင် စီစစ်ကြောင်းကို KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား များအထိနာပြီး ကန့်မှော်ကျေးရွာကို ပြန်ဆုတ်သွားကြောင်း၊ ထိုအပြင် ကန့်မှော်ကျေးရွာဘုန်းကြီး ကျောင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ ရာ ထိခိုက်သေဆုံးမှုများပြားလျက်ရှိကြောင်း သိရသည်။

“မနေ့က ၈ ရက်နေ့မှာက ဒီဆိုင်းဖာရွာထဲဝင်လာတဲ့ စစ်ကောင်စီအဖွဲ့တွေကို KIA ၊ KPDF ပူးပေါင်း အဖွဲ့က စောင့်ကြိုတိုက်ခိုက်တယ်၊ အဲလိုတိုက်တော့ အဲဒီဆိုင်းဖာကနေ ကန့်မှော်ကို ပြန်ဆုတ် သွား တယ်။ ကန့်မှော်ဘုန်းကြီးကျောင်းမှာ သူတို့ဝင်နေတဲ့အချိန်လည်း KIA ၊ KPDF ပူးပေါင်းအဖွဲ့က တ နေကုန်ဝင်တိုက်တာပေါ့၊ ဝင်တိုက်တော့ သူတို့ကအတော်ထိနာတယ်။ ဒီ ၃ ပတ် အတွင်းမှာ စစ် ကောင်စီဘက်ကနေ အထိအခိုက် အကျအဆုံးများတာပေါ့။ တင့်ကားတွေ ၊ ဒရုန်းတွေ၊ လေယာဉ် တွေနဲ့ လေကြောင်းကနေတိုက်ခိုက်ပြီးတော့ ထိုးစစ်ဆင်လာပေမယ့်လည်း KIA ၊ KPDF ပူးပေါင်းအဖွဲ့ က ပိတ်ဆို့တိုက်ခိုက်ထားတဲ့အတွက် ၃ ပတ်ကြာတဲ့အထိ ဖားကန့်ကို မရောက်နိုင်သေးဘူး။ အထိ အခိုက် အကျအဆုံးတော်တော်များနေတယ်။” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

ထိုသို့ အထိနာသော အကြမ်းဖက်စစ်တပ်က ကန့်မှော်ကျေးရွာနှင့် ဆိုင်းဖာကျေးရွာတဝိုက်ကို မေလ ၈ ရက် ညနေပိုင်းတွင် တစ်ကြိမ်၊ ည ၉ နာရီကျော်တွင် ၂ ကြိမ် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုရှိ ပြီး ဒရုန်း၊ လက်နက်ကြီးများဖြင့် ရမ်းပစ်ခတ်လျက်ရှိကြောင်း သိရသည်။

 

“ဆိုင်းဖာရွာနဲ့ကန့်မှော်ရွာတဝိုက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနေ့တိုင်းရှိတယ်။ သူတို့ ဘက်ကအထိနာတော့ လေကြောင်းတိုက်ခိုက်မှုက နေ့တိုင်းလုပ်နေတာ၊ မနေ့တုန်းကလည်း တော် တော်တိုက်ပွဲပြင်းထန်တယ်။ ကန့်မှော်နဲ့ဆိုင်းဖာရွာတဝိုက်မှာ။ သူတို့ ဒရုန်းတွေနဲ့ ပစ်တာရှိတယ်။ လက်နက်ကြီးနဲ့ ပစ်တာရှိတယ်။ သူတို့က ဒီ ၃ ပတ်အ တွင်းမှာ လဝါကျေးရွာက နေကားမိုင်း၊ ကာ မိုင်းကနေ ရေကာတာ၊ အဲဒီကနေ နန့်ယားရွာ ၊ နန့်ယား က နေ ကန့်မှော်၊ ဆိုင်းဖာအထိ ရောက် လာတာပေါ့၊” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို ပြန်လည်စိုးမိုးနိုင်ရန် အကြမ်းဖက်စစ်ကောင်စီတပ်၊ ပြည်သူ့စစ်၊ ရဲ အင်အား ၆၀၀ ကျော်ဖြင့် တင့်ကား ၂ စီး၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ကာမိုင်း -နန့်ယား -ဖားကန့် လမ်းပိုင်းမှ စစ်ကြောင်းတစ်ကြောင်း၊ ဟိုပင်-အင်းတော်ကြီး – ဝှေခါလမ်းပိုင်းမှ အင်အား ၃၀၀ ကျော် ဖြင့် စစ်ကြောင်း တစ်ကြောင်းတို့ဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့မှလည်း ပိတ်ဆို့တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

 

“ဖားကန့်ကိုဝင်တဲ့လမ်းကြော ၃ ခုစလုံး KIA ၊ KPDF ပူးပေါင်းအဖွဲ့က သိမ်းပိုက်ထားတယ်၊ စိုးမိုးထား တယ်၊ တာမခန်-ဆယ်စင်း-ဖားကန့်လမ်း ၊ ဟိုပင် -အင်းတော်ကြီး-ဝှေခါ-ဖားကန့်လမ်း ၊ ပြီးလို့ရှိရင် ကာမိုင်း -နန့်ယား-ဖားကန့်လမ်း  လမ်းကြော ၃ ခုလုံးကို KIA ၊ KPDF ပူးပေါင်းအဖွဲ့က နယ်မြေစိုးမိုး သိမ်းပိုက်ထားတယ်ဆိုတော့ သူတို့က ဒီလမ်းကြောကို ပြန်လိုချင်တာပေါ့၊ အဲဒါကြောင့် ဖားကန့် ဘက်ကို အင်အားထောင်ဂဏန်းနဲ့ မြေပြင်ကရော ဝေဟင်ကပါ ထိုးစစ်ဆင်နေပါတယ်။” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

 

ဖားကန့်မြို့ပေါ်တွင်လည်း စစ်ကောင်စီတပ်သားများမှာ တပ်အတွင်း၌နေထိုင်နေရပြီး မြို့တွင်း၌ စိုး မိုးမှုလုပ်ဆောင်နိုင်ခြင်းမရှိကြောင်း၊ ထို့ကြောင့် ကံဆည်းဗျူဟာကုန်းတွင်လည်း ဗျူဟာမှူးအသစ် တစ်ဦးကို ရဟတ်ယာဉ်ဖြင့်ပို့ဆောင်ကာ အင်အားထပ်တိုး၍ စိုးမိုးမှုလုပ်ဆောင်နိုင်ရန် ကြိုးစားနေ ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

ပခုက္ကူမြို့နယ်၊ ရှင်မကန်ပျူရွာစခန်းနှင့်စစ်ကြောင်းကို ရော့ကတ်၊ မိုင်းများဖြင့် တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး   သံလွင်မြန်မာသတင်း မေလ ၁၉   မကွေးတိုင်း ပခုက္ကူမြို့နယ် ရှင်မကန်ပျူရွာနှင့် စစ်တပ် စစ်ကြောင်းကို ရော့ကတ်၊ မိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း...