Chin State News

Chin State News

မင်းတပ်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူများထိခိုက် သေဆုံး မှုရှိပြီးနေအိမ်များလည်း ပျက်စီး

 

သံလွင်မြန်မာသတင်း

မေလ ၉

 

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူများ ထိခိုက်သေဆုံးမှုရှိပြီး နေအိမ်များလည်း ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

 

မေလ ၇ ရက် နံနက်အစောပိုင်း ၁ နာရီ ၃၀ မိနစ်က မင်းတပ်မြို့အနီးဝန်းကျင်ကို အကြမ်းဖက် စစ် ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်တွင်လည်း မင်းတပ်မြို့ကို ထပ်မံ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဗုံးကျဲတိုက်ခိုက်မှုများအတွင်း အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုရှိကာ အစိုးရ အဆောက် အအုံနှင့် ဝန်ထမ်းအိမ်ယာများ၊ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ကသာမြို့နယ်ကို စစ်သင်္ဘောများဖြတ်သန်းစဉ် လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ဘုရားစေတီ၊ သာသနာ့အဆောက်အအုံများအပါအဝင်အများအပြား ပျက်စီး   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၈   စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်း စစ်သင်္ဘောများဖြတ်သန်းစဉ် လေကြောင်း၊ လက်နက်ကြီးများ ဖြင့် တိုက်ခိုက်မှုကြောင့်...