KNU News

KNU News

လှိုင်းဘွဲ့မြို့နယ်၊ ထိုင်း – မြန်မာနယ်စပ်ရှိ လေးပနာဒီ (ခေါ်) တခေါ်ဘီခွီး စစ်ကောင်စီတပ်စခန်းကို အပြီးသတ် သိမ်းပိုက်ရရှိ

 

သံလွင်မြန်မာသတင်း

မေလ ၉

 

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဖားအံခရိုင်၊ လှိုင်းလွဲမြို့ နယ် (ပိုင်ကျုံ(တာကရယ်)မြို့နယ်) ထိုင်း – မြန်မာနယ်စပ်ရှိ လေးပနာဒီ(ခ) တခေါ်ဘီဗွီး စစ်ကောင် စီတပ်စခန်းကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

 

ယနေ့ မေလ ၉ ရက် နံနက် ၉ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-၂၄၊ အခြေချ တပ်စွဲထားသော လေးပနာဒီ (ခေါ်)တခေါ်ဘီခွီး စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက အပြီးသတ်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပြီး စခန်းအတွင်းသို့ ဝင်ရောက်ကာနယ်မြေ ရှင်းလင်းရေး လုပ်ဆောင်နေကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်တပ်စခန်းကို မေလ ၇ ရက်နံနက်ပိုင်းက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့နံ နက်ပိုင်းတွင် စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားသဖြင့် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်သိမ်းပိုက်မှုကို KNU ဖားအံခရိုင်၊ တပ်မဟာ ၇ လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့ ပူး ပေါင်းကာ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Photo – လေးပနာဒီ (ခေါ်) တခေါ်ဘီခွီး စစ်ကောင်စီတပ်စခန်းအား ရှင်းလင်းရရှိသည့်ပုံရိပ်များ။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

မုံရွာမြို့နယ်၊ ဗောဓိတထောင်တာဝါတိုင်ကုန်း၌ တာဝန်ကျနေသော စစ်ဗိုလ်တစ်ဦး ၎င်းတို့ထောင် ထားသည့် မိုင်းနင်းမိကာ ပေါင်ပြတ်သေဆုံးပြီး ယင်းအလောင်းသယ်ရန် ယာဉ်တန်းကို မိုင်းဆွဲ တိုက် ခိုက်မှု ထိခိုက်သေဆုံးမှုရှိ   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၈   စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဗောဓိတာဝါတိုင်ကုန်း၌ တာဝန်ကျနေသော စစ်ဗိုလ်တစ်ဦး ၎င်းတို့...