ဂန့်ဂေါမြို့နယ်မြောက်ပိုင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်
သံလွင်မြန်မာသတင်း
မေလ ၉
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းနေရာအချို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ယောအလင်းတန်းထံမှ သိရသည်။
မေလ ၇ ရက် ည ၈ နာရီ ၃၀ မိနစ် ဝန်းကျင်က ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ နေရာ ၃ နေ ရာကို အ ကြမ်းဖက်စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာလေယာဉ် ၂ စီး ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ဖုန်းလိုင်းတွေဖြတ်ပြီးမှ ဗုံးကျဲသွားတာ။ ထိခိုက်မှုမရှိပါဘူး။ ဂန့်ဂေါမြို့ပေါ်မှာတော့ နာရီပိုင်းနဲ့ ပြန် ဖွင့်ပေးတယ်။ ကျေး ရွာ တွေဘက်မှာတော့ မရသေးဘူး။ လက်လွှတ်ထားရတဲ့ နယ်မြေတွေ ပြန် လည်ထိန်းချုပ်နိုင်ဖို့ လေ ကြောင်းကနေအသားစီးယူပြီး ပြန်ပြီးထိုးစစ်ဆင်ဖို့ ကြိုးစားနေတာလို့ သုံး သပ်ရပါတယ်။ ယောဒေသ မှာ က အခုတလော တိုက်ပွဲမရှိဘူး။ ငြိမ်နေတယ်။ စကစက တဖက် သတ် လေကြောင်းကနေ တိုက်ခိုက်နေတာဖြစ်ပါတယ်။” ဟု ယောအလင်းတန်းမှ ကိုဘကောင်းက ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီသည် ဂန့်ဂေါမြို့နယ်အတွင်း ဖုန်းလိုင်းများဖြတ်တောက်ကာ ဗုံးကျဲတိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ယောဒေသအတွင်းသို့ နေ့စဉ်နီးပါး ဗုံးကျဲတိုက်ခိုက်နေ ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့်မိဘပြည်သူများအနေဖြင့် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို လိုက် နာပေးကြပါရန်နှင့် အိမ်တိုင်းအိမ်တိုင်း ဗုံးခိုကျင်းများ တူးထားကြပါရန်တော်လှန်ရေးအဖွဲ့အစည်း များက တိုက်တွန်းထားသည်။
Thanlwin Myanmar Media