Bago News

Bago News

ရွှေကျင်မြို့နယ်တွင် စစ်တပ်၏ သံဆိပ်စခန်းမှ ဆင်းလာသော စစ်ကောင်စီ တပ်သားများကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

မေလ ၈

 

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ သံဆိပ်စခန်းမှ ဆင်းလာသော စစ်ကောင်စီတပ်သားများကို ကြားဖြတ် ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Fire Dragon စစ်ကြောင်းထံမှ သိရသည်။

 

မေလ ၆ ရက်နေ့ ညနေ ၆ နာရီ ၁၀ မိနစ်ခန့်တွင် ရွှေကျင်မြို့နယ် ရုံးတိုင်းကျေးရွာအနီးရှိ အကြမ်း ဖက် စစ်တပ်၏ သံဆိပ်စခန်းမှ အင်အား ၁၀၀ ခန့်ဖြင့် ရွှေကျင်ဘက်သို့ ဆင်းလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ် သားများကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် ပိတ်ဆို့ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့သို့ တိုက်ခိုက်မှုအတွင်း စစ်သား ၁ ဦး သေဆုံးကာ အရာရှိ ၁ ဦး အပါအ၀င် ၆ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

“စခအင်အားကတော့ ၁၀၀ နီးပါးပါတယ်။ ရွှေကျင်ကို စစ်ကြောင်းက ပြန်ဆင်းတာကို ပိတ်ဆို့ တိုက်ခိုက်ခဲ့တာပါ။ ဒဏ်ရာရသူ တချို့လည်းရှိပါတယ်” ဟု Fire Dragon စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ၃၇၀၃ တပ်ရင်း ( Fire Dragon စစ်ကြောင်း) နှင့် KNLA တပ်ရင်း ၇ ပူးပေါင်း စစ်ကြောင်းတို့က လုပ်ဆာင်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ရန်ကုန် -မန္တလေးလမ်းဟောင်းပေါ်ရှိ ဆားဂွန်းဂိတ်စစ်တပ်အထိုင်စခန်းကို တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး   သံလွင်မြန်မာသတင်း ဇူလိုင်လ ၃၀   ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ရန်ကုန် -မန္တလေးလမ်းဟောင်းပေါ်ရှိ ဆားဂွန်းဂိတ် စစ်တပ် အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း...