KNU News

KNU News

သထုံမြို့နယ်နှင့်ကျိုက်ထိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ဆေးရုံ ၁ ရုံ၊ ဘုန်းကြီးကျောင်း ၂ ကျောင်းနှင့်ရာဘာခြံများပျက်စီး၊ ပြည်သူ ၈ ထောင်ကျော်ထွက်ပြေးတိမ်းရှောင်နေရ

 

သံလွင်မြန်မာသတင်း

မေလ ၈

 

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်၊ ကျိုက်ထို မြို့နယ်နှင့် သထုံမြို့နယ်တို့အတွင်းသို့ စစ်ကောင်စီတပ်မှ လေကြောင်း၊ လက်နက်ကြီးများဖြင့်တိုက် ခိုက်မှုကြောင့် ဆေးရုံ ၁ ရုံ၊ ဘုန်းကြီးကျောင်း ၂ ကျောင်းနှင့် ရာဘာခြံများ ထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

 

ဧပြီလ ၂၈ ရက် နံနက် ၁၀ နာရီ ၅၅ မိနစ်က ကျိုက်ထိုမြို့နယ်၊ ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု အ တွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ပေါင် ၃၀၀ ဗုံးသီး ၁ လုံးကြဲချ တိုက်ခိုက် ခဲ့ရာ ဒေသနေပြည်သူများပိုင်ဆိုင်သည့် ရာဘာခြံအတွင်းမှ ရာဘာပင်များထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

မေလ ၂ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ စစ်ကောင်စီ၏ ခမရ-၂၀၇ တပ်၊ အမတ-၃၁၀ တပ် တို့မှ ၆၀ မမ ၊ ၈၁ မမ ၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် စုစုပေါင်း ၁၂ လုံး ပစ်ခတ်ခဲ့ရာ ခရွဲကျေးနယ် ရှိ သုံးခွ ရေကျော် ဓမ္မဒူတဘုန်းကြီးကျောင်း အနီးတဝိုက်နှင့် ရွာပြင်တဝိုက် လုပ်ငန်းခွင်များအတွင်း ကျပေါက်ကာ လမ်းမီးတိုင်၊ ရော်ဘာပင်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

ထို့အပြင် မွန်းလွဲ ၂ နာရီ ၁၁ မိနစ်တွင်လည်း အကြမ်းဖက် စစ်ကောင်စီ လေတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် ၃၀၀ ဗုံးသီး ၁ လုံးကြဲချခဲ့ရာ ပျဉ်းကတိုးကုန်း ကျေးနယ်အတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

 

မေလ ၄ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် အကြမ်းဖက် စစ်ကောင်စီ လေတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးသီး ၂ လုံးကြချခဲ့ရာ ၁၆ ကုတင်ဆံ့ ဖလံတောင်(ဖွဝေါ်) ဆေးရုံ အဆောက်အအုံထိခိုက်ပျက်စီးခဲ့ ကြောင်း သိရသည်။

 

မေလ ၆ ရက်နေ့ နံနက် ၈ နာရီ ၁၄ မိနစ်တွင် အကြမ်းဖက်စစ်ကောင်စီ လေတပ်မှ ဂျက်ဖိုက်တာဖြင့် အလူးကျေးနယ်ထဲသို့ ဗုံး ၁ လုံး ကြဲကျ တိုက်ခိုက်ခဲ့ရာ ကြက်မောက်ခြံတစ်ခြံ ပျက်စီးခဲ့ကြောင်း၊ ထို့ အပြင် နံနက် ၈ နာရီ ၁၈ မိနစ်တွင် ဗုံး ၁ လုံး ထပ်မံကြဲချခဲ့ရာ ငှက်ပျောတော ကျေးနယ် အတွင်းရှိ တောင်ထန်းခြံ ၁ ခြံပျက်စီးခဲ့ကြောင်း သိရသည်။

မေလ ၄ ရက် ည ၁ နာရီ ၁၅ မိနစ်ကလည်း သထုံမြို့နယ် ၊ ရွှေရောင်ပြကျေးနယ်အတွင်းသို့ စစ် ကောင်စီလေတပ်မှ ဗုံးသီး ၂ လုံးကြဲချခဲ့ရာ ဘုန်းကြီးကျောင်း ၁ ကျောင်း ထိခိုက်ပျက်စီးပြီး ဒေသနေ ပြည်သူပိုင် ရာဘာခြံမှ ရာဘာအပင်ရေ ၅၀ ကျော်ပျက်စီးခဲ့ကြောင်း သိရသည်။

 

အလားတူ ညနေ ၂ နာရီ ၁၀ မိနစ်တွင် ရွှေရောင်ပြကျေးနယ်အတွင်းသို့ စစ်ကောင်စီ၏ အမတ-၃၂၀ တပ်မှ လက်နက်ကြီး ၂ လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ ရော်ဘာခြံနှင့် တောရကျောင်း ဘုန်းကြီးကျောင်း ဆောင်များ ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ည ၇ နာရီ ၄၅ မိနစ်အချိန်တွင် စစ်ကောင်စီ၏ ခမရ-၂၀၆ တပ် နှင့် အမတ-၄၀၂ တပ်မှ လက်နက်ကြီး ၄ လုံး ထပ်မံပစ်ခတ်ရာ ကော့လှိုင်းကျေးနယ်အတွင်း ကျရောက်ပေါက်ကွဲပြီး ဒေသခံ များလုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက် စစ်ကောင်စီတပ်သည် အရပ်သားပြည်သူလူထုများအား ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကို အဆက်မပြတ်ပြုလုပ်လျက်ရှိ သော ကြောင့် ကျိုက်ထိုမြို့နယ်အတွင်းရှိ ပြည်သူလူထု ၈၀၀၈ ဦးကျော်မှာ အသက်ဘေးလွတ်ရာသို့ ထွက် ပြေး တိမ်းရှောင်နေကြရပြီး အရေးပေါ်လူသားချင်းစာနာထောက်ထားမှု အကူအညီများလည်း လို အပ်လျက်ရှိကြောင်း KNU ဗဟိုက အသိပေးထားသည်။

ဓါတ်ပုံ − အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက် ပျက်စီး ရမှုများ။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Yangon News

Yangon News

ရန်ကုန်မြို့၊ စမ်း/တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်   သံလွင်မြန်မာသတင်း မေလ ၁၉   ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ စမ်း/တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army – YA တပ်ဖွဲ့က ထုတ်ပြန်သည်။   ယနေ့မေလ ၁၉ ရက်...