Sagaing News

Sagaing News

ခင်ဦးမြို့နယ် ၊မောင်းကျောက်တောရွာနှင့် ရွာစဉ်ကျေးရွာတို့ကို စစ်တပ်က လေကြောင်း၊ လက်နက် ကြီးများဖြင့် တိုက်ခိုက်

 

သံလွင်မြန်မာသတင်း

မေလ ၈

 

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မောင်းကျောက် တောကျေးရွာနှင့် ရွာစဉ်ကျေးရွာတို့ကို စစ်ကောင်စီ တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရ သည်။

 

ယမန်နေ့ မေလ ၇ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်က ခင်ဦးမြို့နယ်၊ မောင်းကျောက်တော ကျေးရွာရှိ စာ သင်ကျောင်းကို ဦးတည်ကာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ ကြောင်း၊ တချိန်တည်းတွင် ခင်ဦးမြို့နယ် ၊ ရွစဉ်ကျေးရွာအတွင်းနှင့် ရွာအပြင်ဘက်နေရာမျာကို ရျှေ လိုမြို့နယ်အခြေစိုက် အမှတ် ၈ လေ့ကျင့်ရေးတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်က်ခိုက်ခဲ့ကြောင်း သိရသည်။

“မနပ် ၁၁ နာရီ ၂၀ မိနစ်မှာ ခင်ဦးမြို့နယ်၊ မောင်းကျောက်တောကျေးရွာစာသင်ကျောင်းကို ဂျက်ဖိုက် တာနဲ့လေကြာင်းက ဗုံးသီးကျဲသွား။ တဆက်တတည်းတစ်ချိန်တည်းမှပဲ ခင်ဦးမြို့နယ်၊ ရွစဉ်ရွာကို ရွှေဘို လေ့ကျင့်ရေးတပ်ကနေ ဟောဝင်ဝှမ်ဇာလက်နက်ကြီးနဲ့ ရွာတွင်း၊ ရွာပြင်တွေကို လက်နက်ကြီး ဖြစ်တာ” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

 

ထိုသို့ လေကြောင်း၊ လက်နက်ကြား လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ထခိုက် သေဆုံးသများမရှိကြောင်းရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ရေတာရှည်မြို့နယ်၊ ကွမ်းအုံကျေးရွာနှင့် သဖန်းဇင်ကျေးရွာကြား အများပြည်သူသွားလာသည့်လမ်း ပေါ်တွင် စစ်တပ်စစ်ကြောင်း မိုင်းအလုံး ၇၀ ခန့်ထောင်ထားပြီး ၂၃ လုံးကို ရှင်းလင်းသိမ်းဆည်း   သံလွင်မြန်မာသတင်း မေလ ၁၉   ပဲခူးတိုင်း၊ စစ်တောင်းမြစ် အနောက်ဘက်ကမ်း၊ ကွမ်းအုံကျေးရွာနှင့် သဖန်းဇင်ကျေးရွာကြား အများ ပြည်သူအသုံးပြုသွားလာသည့် လမ်းပေါ်တွင်...