Yangon News

Yangon News

ကြည့်မြင်တိုင်၊ ပန်းပင်နီလမ်း လူထုသပိတ်ဖြိုခွင်းရာတွင် အဓိကပါဝင် မောင်ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ မင်္ဂလာဒုံမြို့၊ အမှတ် ၁၀၆ တပ်ရင်းဂိတ်နှင့် လှည်းကူးမြို့၊ စစ်မှုထမ်းဟောင်းရုံးတို့ကို ပြင်းအားမြင့်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်

 

D Day News

ဧပြီလ ၂၇

 

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်နီလမ်း လူထုသပိတ်ကို ကားဖြင့် တိုက်၍ ပစ်ခတ်ဖြိုခွင်း ရာ၌ အဓိက ပါဝင်သူ အကြမ်းဖက်စစ်တပ် ထောက်တိုင် မောင်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Operation Flame (OF) အဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ကြည့်မြင်တိုင်မြို့နယ် သရက်တော ၅ လမ်းရှိ ဆိုက် ကားဂိတ်၌ အကြမ်းဖက် စစ်တပ် ထောက်တိုက် မောင်ဦးကို Operation Flame (OF) အဖွဲ့က ပစ် ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်ရဲဘော်များ လွတ် မြောက်ရာနေရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

 

သေဆုံးသွားသော မောင်ဦးသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပန်းပင်နီလမ်း၌ ပြုလုပ် သည့် လူထုသပိတ်ကို ကားဖြင့်တိုက်၍ ပစ်ခတ်ဖြိုခွင်းမှုတွင် အဓိက ပါဝင်ခဲ့ပြီး အကြမ်းဖက်စစ်တပ် ထောက်တိုင်တစ်ဦးအဖြစ် လုပ်ဆောင်နေသူ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့နှင့် ကြည့်မြင်တိုင်မြို့နယ်အတွင်း အများ ပြည်သူကို အတင်းအဓမ္မ စစ်ကျွန်ပြုနေသော အကြမ်းဖက်စစ်တပ်နှင့် အားပေးအား မြှောက်ဝိုင်းဝန်းလုပ်ဆောင်နေသော အုပ်ချုပ်ရေးမှုးများ၊ နောက်လိုက်များ အားလုံးကို စစ်ရေးပစ်မှတ်များအဖြစ် သတ်မှတ်ကာ တိုက်ခိုက် သွားမည်ဖြစ် ကြောင်း Operation Flame (OF) အဖွဲ့မှ အသိပေးထားသည်။

 

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ​၏ အမှတ် ၁၀၆ ခြေလျင်တပ်ရင်း ဂိတ် ၂ ရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ပြင်းအားမြင့် အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army ထံမှ သိရသည်။

 

ယနေ့ ဧပြီ ၂၇ ရက် ည ၆ နာရီ မိနစ် ၄၀ အချိန် အဆိုပါ အကြမ်းဖက်စစ်တပ် ဂိတ်ကို Yangon Army -YA ၊ အနောက်ပိုင်းခရိုင် ပကဖ နှင့် YGA တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လုံခြုံရေး ကျနေသည့်အကြမ်းဖက်စစ်သားများ ထိခိုက်မှုရှိကြောင်း သိရသည်။

 

အလားတူ ယမန်နေ့ ဧပြီလ ၂၆ ရက် ည ၇ နာရီ ၅ မိနစ်အချိန်က လှည်းကူးမြို့ရှိ အကြမ်းဖက်စစ် တပ်ထောက်တိုင် စစ်မှုထမ်းဟောင်းရုံးကို Yangon Armyနှင့် အနောက်ပိုင်းခရိုင် ပကဖတို့ပူးပေါင်း ပြီး ပြင်းအားမြင့် အဝေးထိန်းမိုင်းဖြင့် ထိထိရောက်ရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

 

Yangon Armyအနေဖြင့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့်ပတ်သက်နေသူများအပါအဝင် စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ လုပ်ဆောင်နေသူများကို ထိထိရောက်ရောက်တိုက်ခိုက်သွားမည်ဖြစ် ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
၂၀၂၅ ခုနှစ် ၊ ၇ လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၄၀၉ ဦး ပြည့်ရင်ခွင်ထံ အလင်းဝင်

၂၀၂၅ ခုနှစ် ၊ ၇ လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၄၀၉ ဦး ပြည့်ရင်ခွင်ထံ အလင်းဝင်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၂ ၂၀၂၅ ခုနှစ်၊ ၇ လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၄၀၉ ဦး ပြည်သူ့ရင်ခွင်ထံ ချိတ် ဆက်အလင်းဝင်ရောက်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လ ကုန်အထိ အမျိုးသားညီညွတ်ရေးအစိုးရ၊...