Tanintharyi News

Tanintharyi News

တနင်္သာရီနှင့်ကျွန်းစုမြို့နယ်အစပ်ရှိ ဝါရစ်ပိန်းတောပြင်စစ်တပ်စခန်းကို တိုက်ခိုက်မှု ဗိုလ်မှူးမြင့်ဝင်း အပါအဝင် ၂၀ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

မေလ ၈

 

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်နှင့် ကျွန်းစုမြို့နယ်အစပ် ဝါရစ်ပိန်းတောပြင်ရှိ စစ်တပ် စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်မှူး မြင့်ဝင်းအပါအဝင် ၂၀ ဦးသေဆုံးခဲ့ ကြောင်း တနင်္သာရီမြို့နယ် ပကဖ ထံမှ သိရသည်။

 

မေလ ၆ ရက် နံနက် ၅ နာရီ ၅၅ မိနစ်က တနင်္သာရီမြို့နယ်နှင့် ကျွန်းစုမြို့နယ်အစပ်ရှိ ဝါရစ်ပိန်း တောပြင် စစ်ကောင်စီ ရှေ့တန်းစခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၂ နာရီခွဲခန့်ကြာမြင့်ခဲ့ပြီး ၂ ကြိမ်ဆက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲပြင်းထန်နေချိန်တွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ် တစ်စီး၊ စစ် ရဟတ်ယာဉ် ၁ စီးဖြင့် ၇ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း၊ ရဟတ်ယာဉ်ပေါ်မှ စစ်သေနတ်များ ဖြင့် အပြင်း အထန် ပစ်ခတ်ခြင်း၊ စစ်သင်္ဘောပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက် ခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး မြင့်ဝင်းအပါအဝင် ၂၀ ဦးသေဆုံးကာ ၉ ဦး အပြင်း အထန် ဒဏ်ရာရရှိပြီး စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို တနင်္သာရီမြို့နယ်(ပကဖ)၊ မြိတ်ခရိုင်တပ်ရင်း ၂ ၊ ကျွန်းစု(ပကဖ)၊ နှင့် တိုင်း ပကဖအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

မြင်းခြံမြို့နယ်၊ ဆုံရွာပျူစောထီးစခန်းကို လက်နက်ကြီး၊ Fixed Wings Drone များဖြင့် တိုက်ခိုက်မှု စစ်သား၊ ပျူ ၅ ဦးသေဆုံး (ရုပ်သံ)   သံလွင်မြန်မာသတင်း မေလ ၁၃   မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာ ပျူစောထီးစခန်းကို လက်နက်ကြီး၊ Fixed Wings...