Tanintharyi News

Tanintharyi News

ကော့သောင်းမြို့နယ်၊ မလိဝမ်းဒေသသို့ ဝင်ရောက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု အရာခံ ဗိုလ်အပါအဝင် ၃ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

မေလ ၈

 

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းဒေသသို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အရာခံဗိုလ်အပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့ -ပကဖထံမှ သိရသည်။

 

ဧပြီလ ၂၉ ရက်နေ့က ကော့သောင်းမြို့နယ် ၊မလိဝမ်းကျေးရွာ၊ သက်ကယ်ကျင်းနေရာသို့ အင်အား ၇၀ ခန့်ဖြင့် ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲပြီး ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ရာ ခမောက်ကြီးမြို့အခြေစိုက် ခမရ ၅၈၄ တပ်ရင်းမှ အရာခံဗိုလ် ၁ ဦးနေရာမှာပင် ပွဲချင်းပြီး သေ ဆုံးပြီး နှင့် စစ်သား ၂ ဦး စုစုပေါင်း ၃ ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Photo – PDF တပ်ဖွဲ့ဝင်များ (ပုံဟောင်း)

“တိုက်ပွဲက နှစ်ကြိမ်ဖြစ်တာပါ။ မိုင်းဆွဲပြီး ၄၀ မမနဲ့စပစ်တယ်။ ၄၀ မမ ထိမှန်ပြီး အရာခံဗိုလ် ပွဲချင်း ပြီးသေတယ်။ ထိခိုက်ဒဏ်ရာရသူတွေလည်းများတယ်။ အပြန်အလှန်ပစ်ခတ်တိုက်ပွဲက ၁ နာရီ လောက်ကြာခဲ့ပါတယ်။ ဒဏ်ရာရတဲ့ စစ်သား ၂ ဦးက ကော့သောင်းမြို့ ၆ မိုင်းစစ်ဆေးရုံမှာ ထပ်သေ တာပါ။” ဟု ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ မှတာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

 

အဆိုပါတိုက်ခိုက်မှုကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ မှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ရမည်းသင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၁၈   မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်း ၂ ခုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးခဲ့ကြောင်း တိုက်ဒေါင်း ပြည်သူ့တော်လှန်ရေး အင်အားစု ထံမှ...