Thabaikkyin News

Thabaikkyin News

သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာ စာသင်ကျောင်း၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု ၈ ဦး သေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိ၊ ၄ မိုင်နှင့် ၇ မိုင်ကျေးရွာရှိ စစ်သားများကိုလည်း လက်နက်ကြီးဖြင့် တိုက်ခိုက်

 

D Day News

ဧပြီလ ၂၇

 

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာစာသင်ကျောင်းအတွင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူ ၈ ဦးသေဆုံးခဲ့ ကြောင်း သပိတ်ကျင်းမြို့နယ် ပကဖ ဗိုလ်လင်းယုန်တပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၂၂ ရက်နေ့က သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာ စာသင်ကျာင်းအတွင်း အထိုင်ချတပ်စွဲ ထားသော အကြမ်းဖက်စစ်သားများကို တပ်ဖွဲ့နှစ်ဖွဲ့ခွဲ၍ အနီးကပ်ပစ်ခတ် နှစ်ဖက် ညှပ်ပိတ် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် လိပ်ကျရွာသား ပျူခေါင်းဆောင် ပါစီ၏ နောက်လိုက်ဖြစ်သော ပျူ သာဌေးကို လက်ရ ဖမ်းဆီးရရှိခဲ့သော်လည်း ထွက်ပြေးသွားသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားကြောင်း၊ ၎င်းထံမှ GLock-19 သေနတ် တစ်လက်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

အလားတူ သပိတ်ကျင်းမြို့နယ်၊ လက်ပံပြန့်ကျေးရွာမှ ပျူ ရဲလင်းကို လည်း ဖမ်းဆီးရရှိခဲ့ ကြောင်း သိရသည်။

 

ဧပြီလ ၂၁ ရက် နေ့က သပိတ်ကျင်းမြို့နယ် ၄ မိုင်ကျေးရွာအနီးရှိ တာဝါတိုင်ကုန်းတွင် တပ်စွဲထား သော အကြမ်းဖက်စစ်တပ် စခန်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်လည်းကောင်း၊ ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့က သပိတ်ကျင်းမြို့နယ် ၇ မိုင်ကျးရွာအနီးရှိ ပျူသင်တန်းပေးနေသာ စခတ ၂ အ တွင်းသို့ တာဝေးပစ် လက်နက်ကြီး ၂ လုံးဖြင့်လည်းကောင်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို ဗိုလ်လင်းယုန်တပ်ဖွဲ့နှင့် မင်းမခစစ်ကြောင်းတို့ ပူး‌ပေါင်း ကာ လုပ် ဆောင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ အောင်သပြေကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ ကြောင်း မွန်ပြည်တော်လှန်ရေးတပ် -MSRF ထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၀...