Sagaing News

Sagaing News

တမူးခရိုင်အမှတ် ၂ တပ်ရင်းက ၎င်းထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာများမှ လူငယ်များကို အ တင်းအကြပ် အင်အားစုဆောင်းနေ

 

သံလွင်မြန်မာသတင်း

မေလ ၇

 

စစ်ကိုင်းတိုင်း၊ တမူးခရိုင် အမှတ် ၂ တပ်ရင်းက ၎င်းထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာများမှ လူ ငယ်များကို အတင်းအကြပ် အင်အားစုဆောင်းနေကြောင်း ဒေသနေပြည်သူများထံက သိရသည်။

 

မေလ ၁ ရက် နံနက် ၉ နာရီခန့်က တမူးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ မှ အုပ်ချုပ်ရေးမှူးများ ကို အစည်းအဝေးခေါ်ယူကာ ရွာကြီးဖြစ်ပါက လူငယ် ၇ ဦးနှုန်း၊ ရွာငယ်ပါ လူငယ် ၃ ဦးနှုန်း ပေးအပ် ရန်နှင့် ၎င်းတို့ကို မေလ ၁၁ ရက်နေ့နောက်ဆုံးထားကာ တပ်ရင်းသို့ ပို့ဆောင်ပေးရန် အတင်းအကြပ် တောင်းခံနေခြင်းဖြစ်ကြောင်း သိရသည်။

 

“ဒီလိုအတင်းအကြပ် လုပ်ဆောင်တာက စကစတွေ လုပ်ဆောင်ချက်နဲ့ အတူတူပါပဲ။ ကျနော်တို့ ပြည်သူတွေအနေနဲ့ လုံးဝ လက်ခံလို့မရပါဘူး။ ဒီလိုရပ်ကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေ သိအောင် ကူညီပေးပါ။ ကျနော်တို့ပြည်သူတွေ စိတ်ဒုက္ခရောက်နေရလို့ပါ။ ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဒီးမော့ဆိုမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ကာ စစ်ကြောင်း ထိုးနေမှုကြောင့် တိုက်ပွဲ ပြင်းထန်နေပြီး ပြည်သူထောင်ချီ စစ်ဘေးရှောင်နေရ

ဒီးမော့ဆိုမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ကာ စစ်ကြောင်း ထိုးနေမှုကြောင့် တိုက်ပွဲ ပြင်းထန်နေပြီး ပြည်သူထောင်ချီ စစ်ဘေးရှောင်နေရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၂ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ကာ စစ်ကြောင်းထိုးနေမှု ကြောင့် တိုက်ပွဲပြင်းထန်နေပြီး ပြည်သူထောင်ချီစစ်ဘေးရှောင်နေရကြောင်း KA စစ်ရေးချုပ် ဗိုလ်မှူး ကြီးဘုန်းနိုင်က  ပြောကြားသည်။ ဩဂုတ်လ ၈ ရက်နေ့မှစ၍ လွိုင်ကော် - ဒီးမော့ဆို - ဖရူဆို...