Bago News

Bago News

PDF တပ်ဖွဲ့များကို စိန်ခေါ်ထားသည့် အုပ်ချုပ်ရေးမှူးလှအောင် ပစ်ခတ်ခံရပြီး သေဆုံး

 

သံလွင်မြန်မာသတင်း

မေလ ၆

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် PDF တပ်ဖွဲ့များကို စိန်ခေါ်ထားသည့် အုပ်ချုပ်ရေး မှူးလှအောင်ကို ပစ်ခတ်ခဲ့ရာ နေရာမှာပင်ပွဲချင်းပြီး သေဆုံးသွားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

 

ယနေ့ မေလ ၆ ရက် နံနက် ၆ နာရီ ၄၅ မိနစ်က အုတ်ဖိုမြို့နှင့် ထူးချောင်းရွာသို့ ဆက်သွယ်ထားသည့် လမ်းပေါ်တွင် ဆိုင်စီးလာသည့် အုတ်ဖိုမြို့နယ် အနောက်ခြမ်း၊ ထူးကုန်းရွာနေ ထူးကုန်းအုပ်စု အုပ် ချုပ်ရေးမှူး လှအောင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးခေါင်း တည့်တည့် ကျည်ထိမှန်ကာ သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျား တပ်ဖွဲ-အုတ်ဖို ၏ ရဲဘော်များမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသွားသော  အုပ်ချုပ်ရေးမှူး လှ အောင်ထံမှ မိုလ်ဘိုင်းဖုန်း ၁ လုံး နှင့် ငွေသား ၁၀၀၀၀ ကျပ် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အုပ်ချုပ်ရေးမှူး လှအောင်သည် ပြည်သူများထံမှ စစ်မှုထမ်းကြေးဟုဆိုကာ ငွေကြေးများ ခြိမ်း ခြောက်ကောက်ခံခြင်း၊ စစ်မှုထမ်းကြေး မပေးသည့် လူငယ်များကို စခ/ရခများနှင့်အတူ အတင်း အကြပ် ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များအား “သတ္တိရှိရင်လာခဲ့ကြ အသက်ချင်း လဲပစ်မယ်”ဟု ဆဲဆိုစိန်ခေါ်ခြင်း၊ ပြည်သူများထံမှ အကြောင်းအမျိုးမျိုးပြ၍ ခြိမ်းခြောက်ငွေတောင်း ခြင်းများ လုပ်ဆောင်နေသောကြောင့် အရေးယူရခြင်းဖြစ်ကြောင်း အသိပေးထားသည်။

 

သာယာဝတီခရိုင်တပ်ရင်း၊ တပ်ဖွဲ့များအနေဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကိုဒုက္ခပေး နေကြသည့် စစ်ကောင်စီနှင့် စစ်ကောင်စီထောက်တိုင်များကို အရှိန်မြင့် တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများ အနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ကြရန်  အသိပေး ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သံဖြူဇရပ် -ရေး အမြန်လမ်းမပေါ်တွင် စစ်ကောင်စီရွေးကောက်ပွဲအတွက် သင်တန်းတက်ရန် သွား ရောက်သည့် Non CDM ကျောင်းဆရာမ ၄ ဦးကို ထိန်းသိမ်းစစ်ဆေးပြီး ခံဝန်ကတိရေးထိုးကာ မိသား စု ထံပြန်လည်အပ်နှံ

သံဖြူဇရပ် -ရေး အမြန်လမ်းမပေါ်တွင် စစ်ကောင်စီရွေးကောက်ပွဲအတွက် သင်တန်းတက်ရန် သွား ရောက်သည့် Non CDM ကျောင်းဆရာမ ၄ ဦးကို ထိန်းသိမ်းစစ်ဆေးပြီး ခံဝန်ကတိရေးထိုးကာ မိသား စု ထံပြန်လည်အပ်နှံ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၅ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဝဲခမီကျေးရွာအနီး သံဖြူဇရပ် -ရေးလမ်းမပေါ်တွင် စစ်ကောင်စီ၏ ရွေး‌ ကောက်ပွဲအတွက် သင်တန်းတက်ရန် သွားရောက်သည့် Non CDM ကျောင်းဆရာမ ၄ ဦးကို ထိန်း သိမ်းစစ်ဆေးပြီး ခံဝန်ကတိရေးထိုးကာ မိသားစုထံ ပြန်လည်အပ်နှံခဲ့ကြောင်း မွန်ပြည်တော်လှန်ရေး တပ်...