Magway News

Magway News

ရေစကြိုမြို့စုပေါင်းရုံးကို ရိက္ခာပို့ပြီး ပြန်လာသော စစ်တပ်စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

မေလ ၆

 

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ ရုံးပေါင်းစုံအတွင်းသို့ ရိက္ခာခဲယမ်းများပို့ဆောင်ပြီး ပြန်လာသော အ ကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ ကြောင်း ရေစကြို PDF တပ်ဖွဲ့ထံမှ သိရသည်။

 

မေလ ၃ ရက် ညနေ ၄ နာရီဝန်းကျင်က ရေစကြိုမြို့နယ် အခြေစိုက် ခလရ ၂၅၈ တပ်ရင်းမှ အင်အား ၉၀ ခန့်ပါ စစ်ကြောင်းသည် ရေစကြိုမြို့ပေါ် ရှိ ရုံးပေါင်းစုံအတွင်းသို့ ရိက္ခာ၊ ခဲယမ်းများ ပို့ ဆောင်ပြီး ပြန်လည် ထွက်ခွာလာစဉ် ရေစကြိုမြို့အထွက်တနေရာ၌ ရေစကြိုမြို့နယ်ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ရေစကြိုမြို့အထွက်မှာပေါ့၊ တပ်ရင်းနဲ့တော့ နဲနဲဝေးတယ်။ မြို့နဲ့တော့ နီးတယ်။ ပဒေသာ ၄ လုံးတွဲ တစ်ပွိုင့်နဲ့ တိုက်ခိုက်ခဲ့တာ၊ ၂ ယောက်ကတော့ ဒဏ်ရာရတယ်လို့ သတင်းရထားတယ်။ သေတယ်လို့ တော့မကြားရသေးဘူး။ ရဲဘော်တွေတော့ အားလုံးအေးဆေးပြန်ဆုတ်နိုင်ခဲ့ပါတယ်” ဟု ရေစကြို PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်သား ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိသွားပြီး ယင်းအကြမ်းဖက် စစ်တပ်စစ်ကြောင်းမှာ ခလရ ၂၅၆ တပ်ရင်းနှင့် ၂၅၈ တပ်ရင်းအတွင်းသို့ ၂ ဖွဲ့ခွဲ၍ ဝင်ရောက်သွား ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မုံရွာနှင့် မြင်းမူမြို့နယ်တို့တွင် စစ်စခန်းနှင့်စစ်ကြာင်းကို တိုက်ခိုက်မှု စစ်သား ထိခိုက်သေဆုံးမှုရှိ

မုံရွာနှင့် မြင်းမူမြို့နယ်တို့တွင် စစ်စခန်းနှင့်စစ်ကြာင်းကို တိုက်ခိုက်မှု စစ်သား ထိခိုက်သေဆုံးမှုရှိ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၆ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာရှိ စစ်တပ်အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်း တပ်ဖွဲ့ထံမှ သိရသည်။ ဩဂုတ်လ ၁၃ ရက် ညနေ ၄ နာရီခန့်က မြင်းမူမြို့နယ်၊...