NUG News

NUG News

စစ်ကောင်စီတပ်သားတွေအနေနဲ့ မိစ္ဆာဒိဌိစစ်ဝါဒအတွေးအခေါ်ကို စွန့်လွှတ်ကာပြည်သူကိုကာကွယ် ပေးရန် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တိုက်တွန်း (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မေလ ၅

 

စစ်ကောင်စီတပ်အတွင်း ကျန်ရှိနေသော တပ်မှူး ၊ တပ်သားတွေအနေနဲ့ မိစ္ဆာဒိဌိ စစ်ဝါဒအတွေး အခေါ်တွေကို စွန့်လွှတ်ကာ ပြည်သူကို ကာကွယ်ပေးရန် NUG ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က တိုက်တွန်း ပြောကြားသည်။

 

ယနေ့ မေလ ၅ ရက်နေ့တွင် ကျရောက်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည် ထောင်ခြင်း ၄ နှစ်ပြည့်သို့ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားရာတွင် ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

https://youtu.be/uJxQ9eg9gnI

“စစ်ကောင်စီတပ်ထဲမှာ ကျန်ရှိနေတဲ့ တပ်မှူး တပ်သားတွေအနေနဲ့လည်း ပြည်သူကို အကြမ်းဖက် သတ်ဖြတ်တဲ့အထိ လမ်းမှားရောက်စေတဲ့ မိစ္ဆာဒိဌိ စစ်ဝါဒအတွေးအခေါ်ကို အမြန်ဆုံး စွန့်လွှတ်ကြဖို့ တိုက်တွန်းလိုတယ်။ ဒီလိုသာ စွန့်လွှတ်နိုင်မယ်ဆိုရင် နိုင်ငံနဲ့ပြည်သူလည်း မြန်မြန် ချမ်းသာရာရ မယ်၊ စစ်တပ်ကိုယ်တိုင်လည်း ချမ်းသာရာ ရမယ်လို့ သတိပေးလိုတယ်။ အကြမ်းဖက်စစ်ကောင်စီအ ဖို့ နေမြင့်လေ အရူးရင့်လေဆိုသလိုပဲ အခုဆိုရင် အရပ်သားတွေကို ပစ်မှတ်ထားတဲ့လေကြောင်း တိုက်ခိုက်မှုတွေကို ဆိုးဆိုးဝါးဝါး ကျူးလွန်လာတာတွေ့ရတယ်။” ဟု ကာကွယ်ပေးရန် NUG ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

 

ပြည်သူကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ယူထားသည့် တပ်မတော်ဖြစ်သည့် အားလျော်စွာ PDF ရဲဘော်များအနေဖြင့် ပြည်သူများ လေကြောင်းအန္တရယ် ကင်းဝေးစေရေ လိုအပ်သည့် ကြိုတင်ပြင် ဆင်မှုများ၊ အဆက်မပြတ် သတိပေးနှိုးဆော်မှုများ ပို၍ အားစိုက်ဆောင်ရွက်ကြရန် တိုက်တွန်ထား သည်။

 

မြေလှုပ်ခတ်ခဲ့ရာ စစ်ကောင်စီ၏ ပြည်သူအပေါ် စေတနာမဲ့မှု၊ စွမ်းဆောင် ရည်မဲ့မှု၊ အင်အားချိနဲ့မှု များသည် မဖုံးနိုင် မဖိနိုင် ပေါ်လာခဲ့ကြောင်း၊ အဆိုပါ အားနည်းချက်ကို ဖုံးကွယ်ရန် ငလျင်ဒဏ်သင့် ပြည်သူများအပေါ် မျက်ကွယ်ပြု၍ လေကြောင်းအကြမ်းဖက်မှုကို တိုးမြှင့် ကျူးလွန်နေခြင်းဖြစ် ကြောင်း၊ ထိုသို့ ဗုံးကြဲတိုက်ခိုက်နေမှုသည် အကြမ်းဖက်စစ်ခေါင်းဆောင်၏ ပြည်ပခရီးစဥ်များ အပြီး နှင့် လည်း တိုက်ဆိုင်နေကြာင်း အသိပေးထားသည်။

 

“အခုဆိုရင် မြန်မာ့အရေးဟာ ကမ္ဘာ့အခင်းအကျင်းနဲ့လည်း ဆက်စပ်လာတယ်။ မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားကို လစ်လျူရှု့ပြီး မြန်မာပြည်အပေါ် သြဇာလွှမ်းမိုးဖို့၊ကိုယ်ကျိုးစီးပွားအမြတ်ထုတ် ဖို့ ကြံရွယ်ချက်နဲ့ စစ်ကောင်စီရဲ့ လူမဆန်မှုတွေကို လူမိုက်အားပေးလုပ်နေတဲ့ ပြည်ပနိုင်ငံတချို့ ရှိ လာတယ်ဆိုတာကိုလည်း သတိကြီးကြီးထားရတယ်။PDFတပ်မတော်အဖို့တော့ မရွဲ့မစောင်း၊ ကိုယ့် လမ်းကြောင်းကို အားကောင်းမောင်းသန် ဆက်လက် ချီတက်ကြဖို့သာ ဖြစ်တယ်။” ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

Thanlwin Myanmar Media News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဆီဆိုင်မြို့နယ်၊ နောင်ထော်ကယန်းပိုင်းကျေးရွာကို အကြမ်းဖက်စစ်တပ်လက်အောက်ခံ ခရိုနီ နေ ဝင်းထွန်း ဦးဆောင်သည့် PNO ပြည်သူ့စစ်များက မီးရှို့မှုကြောင့် နေအိမ် ၁၀၀ ကျော် မီးလောင်ပြာ ကျ (ရုပ်သံ)

ဆီဆိုင်မြို့နယ်၊ နောင်ထော်ကယန်းပိုင်းကျေးရွာကို အကြမ်းဖက်စစ်တပ်လက်အောက်ခံ ခရိုနီ နေ ဝင်းထွန်း ဦးဆောင်သည့် PNO ပြည်သူ့စစ်များက မီးရှို့မှုကြောင့် နေအိမ် ၁၀၀ ကျော် မီးလောင်ပြာ ကျ (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၈ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ထော်ကယန်း ပိုင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ် လက်အောက်ခံ ခရိုနီနေဝင်းထွန်းဦးဆောင်သည့် PNO ပြည်သူ့စစ်များက မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၀၀ ကျော်မီးလောင်ပြာကျထားကြောင်း PNLA သတင်းနှင့် ပြန်ကြားရေး ထံက သိရသည်။ ဩဂုတ်လ ၉ ရက်နေ့မှစ၍...