Bago News

Bago News

မင်းလှမြို့နယ်၊ ရိုးမဖြတ်ကျော်လမ်းတွင် ပျူစောထီး ၂ ဦးအရှင်ဖမ်းမိ၊ စစ်ကြောင်းတက်လာစဉ်ထွက် ပြေးသွားသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံး

 

သံလွင်မြန်မာသတင်း

မေလ ၅

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ရိုးမဖြတ်ကျော်လမ်းပေါ်တွင် ပျူစောထီး ၂ ဦးအရှင် ဖမ်း မိခဲ့ပြီး စစ်ဆေးနေစဉ် စစ်ကြောင်းတက်လာမှုကို အခွင့်ကောင်းယူ၍ ထွက်ပြေးသဖြင့်ပစ်ခတ်ဖမ်းဆီး ရာ ၂ ဦးစလုံး သေဆုံး သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

 

မေလ ၄ ရက် မွန်းတည့် ၁၂ နာရီခန့်က မင်းလှမြို့နယ်၊ စိန်ကန့်လန့် -မြိုချောင်း ရိုးမဖြတ်ကျော်လမ်း၊ ပျဉ်းကတိုးခင်းကျေးရွာအနီးတွင် ဖောကားဖြင့် ရောက်ရှိလာသည့် မင်းလှမြို့နယ်၊ ရွေးကုန်းအုပ်စု၊ ဘန့်ဘွေးကုန်း ကျေးရွာနေ စစ်တပ်လက်အောက်ခံ ပျူစောထီး မြဇော်ဦး နှင့် ဒေါ်ယူပီကို သာယာဝ တီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ မှ ရဲဘော်များက အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရရှိ၍ စစ်ဆေးနေစဉ် စစ်ကောင်စီ စစ်ကြောင်း တက်လာသည့် သတင်း အရ ပြည်သူ့ ကာကွယ်ရေး ရဲဘော်များက ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်နေစဉ် ပျူစောထီး မြဇော်ဦးနှင့် ဒေါ်ယူ ပီ တို့သည် ထွက်ပြေးသွားကြသောကြောင့် လိုက်လံပစ်ခတ် ဖမ်းဆီးရာ ၂ ဦးစလုံး ကျည်ထိမှန် သေ ဆုံးသွားကြောင်း၊ ၄င်းတို့ထံမှ ဖောကား ၁ စီး၊ စစ်ကောင်စီတပ်သားများ နှင့် ဆက်သွယ်ပြောဆိုထား သည့် မိုလ်ဘိုင်းဖုန်း ၁ လုံး၊ လက်စွပ် ၁ ကွင်းနှင့် နားကပ် ၁ ရံတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

 

သေဆုံးသွားသော ပျူစောထီး မြဇော်ဦး နှင့် ဒေါ်ယူပီသည် စစ်သားများထံ မမှန်သတင်းပေးကာ ပြည် သူများအား ဖမ်းဆီးခိုင်းခြင်း၊ စစ်ရှောင်ပြည်သူများ စိုက်ပျိုးထားသည့် သီးနှံများအပြင် နေအိမ်များ အား  စစ်ကောင်စီတပ်သားများနှင့် ပေါင်းကာ မတရား ဖျက်ဆီး ရယူခြင်း၊ စစ်ကောင်စီတပ်သားများ အား ရိက္ခာထောက်ပံ့ပေးခြင်း၊ စစ်သားများ ရိုးမပေါ် သွားလာရေးအတွတ် ဖောကားဖြင့် အကြိုအပို့ လုပ်ဆောင်ပေးခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များ၏ အချက်အလက်များနှင့် စခန်းတည်နေရာများအား စစ်သားများထံ သတင်းပေးပို့ခြင်းများ ပြုလုပ်နေသောကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့မ လုပ်ဆောင်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မျးက အကြိမ်ကြိမ် ဖုန်းဆက်သတိပေးတားမြစ်ခဲ့သော် လည်း လိုက်နာခြင်းမရှိကြသူများဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ အမှတ် ၁၃ တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

သပိတ်ကျင်းမြို့နယ်၊ အမှတ် ၁၃ တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၀ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အခြေစိုက် အမှတ် ၁၃ တပ်မတော်လေ့ကျင့်ရေး သင်တန်းကို ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၉ လုံးအောင်မြင်စွာပစ်ခတ်နိုင်ခဲ့ကြောင်း Brave Warriors for Myanmar - BWM က ထုတ်ပြန်သည်။ ယနေ့ ဩဂုတ်လ...