ကျောက်မဲမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်
သံလွင်မြန်မာသတင်း
မေလ ၅
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ တပ်မဟာ ၂ နယ်မြေ၊ ကျောက်မဲမြို့ကို အကြမ်းဖက် စစ် ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြား ရေးဌာနက ထုတ်ပြန်သည်။
ယနေ့မေလ ၅ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်က တအာင်းပြည်၊ တပ်မဟာ ၂ နယ်မြေ ၊ ကျောက်မဲ မြို့ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေ ကို ဆက်လက်စုံစမ်းတင်ပြသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
စစ်ကောင်စီတပ်သည် မေလအတွင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ် ချုပ်သော မိုးကုတ်နှင့် နောင်ချိုမြို့နယ်အတွင်း လေကြောင်းဖြင့် ဗုံးများ နေ့စဥ်ရက်ဆက် ကြဲချနေ ကြောင်း သိရသည်။
ထို့အပြင် PSLF/TNLA အုပ်ချုပ်သောမြို့နယ်များကိုလည်း စစ်အင်အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင် ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကို လေကြောင်းဖြင့် မိဘပြည်သူလူထုများကို ရည် ရွယ်ချက်ရှိရှိ ဦးတည်ပြီး ဗုံးကြဲချခြင်းစသည့်လုပ်ရပ်များ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေး သတိအမြဲရှိရန်လိုအပ်ပြီးလေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နားဆောင် ရွက်ပေးကြပါရန် TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန် ထားသည်။
Thanlwin Myanmar Media