Magway News

Magway News

ဆိပ်ဖြူမြို့မှ ကပစ ၂၁ သို့လာသော စစ်ကား ၂ စီးကို တိုက်ခိုက်မှု စစ်သား ၁၁ ဦးသေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

မေလ ၄

 

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၁ သို့ လာသော စစ်ကား ၂ စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ် သား ၁၁ ဦးသေဆုံးခဲ့ကြောင်း ပခုက္ကူခရိုင်အမှတ် ၄ တပ်ရင်း တပ်ခွဲ ၁ – Caf-Spupdf တပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၂၇ ရက်နေ့က ဆိပ်ဖြူမြို့မှ ကပစ ၂၁ သို့ လာသော စစ်ကား ၂ စီးကို သပြေပင်ကျေးရွာ အနီး အရောက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ အသင့်စောင့်ကြို၍ ချုံခိုက်တိုက်ခိုက်ခဲ့ရာ RPG လက်နက်ကြီးပစ်ခတ်မရပဲ ချို့ယွင်းမှုဖြစ်ခဲ့ကြောင်း၊ ထို့ကြောင့်လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ် ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကား ၁ စီးမှာ လမ်းဘေးသို့ ထိုးရပ်သွားပြီးကားပေါ်ပါ စစ် သား ၁၁ ဦးသေ ဆုံး ၃ ဦး အပြင်း အထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ရန်သူ့ဘက်မှာ ထိတာရော သေတာရောမြင်နေရတယ် တယောက်ပဲကျန်တော့တာ ၊ အဲဒီကား ကို အနီးကပ်ဝင်လုံးတဲ့အချိန်မှာ ရဲဘော်တယောက်ကျည်ထိမှန်ခဲ့တာပါ၊ ဒဏ်ရာကတော့ မစိုးရိမ်ရပါ ဘူး။ ခဏကြာတော့ စစ်ကူရောက်လာတဲ့အတွက် ကျန်တဲ့ရဲဘော်တစ်ယောက် ထပ်ထိတယ်။ အဲဒီ ဒဏ်ရာရ ရဲဘော်တွေကို ကာပစ်ကူပေးရင် ဆွဲထုတ်ပြီး ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။ ကျနော်တို့ အနေနဲ့က ကျည်အင်အားရော လက်နက် ချို့ယွင်းချက်တွေကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတာဖြစ်ပါ တယ်။” ပခုက္ကူခရိုင်အမှတ် ၄ တပ်ရင်း တပ်ခွဲ ၁ – Caf-Spupdf မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူခရိုင်အမှတ် ၄ တပ်ရင်း တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ နှင့် ပခုက္ကူခရိုင် အမှတ် ၈ တပ်ရင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး မစိုးရိမ်ရ ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အရာတော်မြို့နယ်၊ ခမြင့်ကျေးရွာမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး (ရုပ်သံ)

အရာတော်မြို့နယ်၊ ခမြင့်ကျေးရွာမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ခမြင့်ကျေးရွာမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက် ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း BDL PDF တပ်ဖွဲ့က ထုတ်ပြန်သည်။ ဩဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က အရာတော်မြို့နယ်၊...