TNLA News

TNLA News

စစ်ကောင်စီက တရုတ်နိုင်ငံအားကိုးဖြင့် နောင်ချို၊ ကျောက်မဲ၊ သီပေါ ၊ မိုးကုတ်၊ မိုးမိတ်မြို့များမှ TNLA တပ် ပြန်ဆုတ်ပေးရန် တောင်းဆို

 

သံလွင်မြန်မာသတင်း

မေလ ၂

 

အကြမ်းဖက်စစ်ကောင်စီက တရုတ်နိုင်ငံအားကိုးဖြင့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့များမှ TNLA တပ်များ ပြန်ဆုတ်ပေးရန်တောင်းဆိုခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြား ရေးဌာနက ထုတ်ပြန်သည်။

 

ဧပြီလ ၂၈ ရက်နှင့် ၂၉ ရက်နေ့တို့တွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ တရုတ်နိုင်ငံ၏ ကြားဝင်စေ့မှုဖြင့် PSLF ကိုယ်စားလှယ်နှင့် မြန်မာစစ်ကောင်စီတပ်ကိုယ်စားလှယ်တို့ကြားတွေ့ဆုံပွဲတွင် ထိုသို့ တောင်း ဆိုခဲ့ခြင်းဖြစ်ကြောာင်း သိရသည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF၏ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားဦးဆောင် သည့် ကိုယ်စားလှယ်များနှင့် အကြမ်းဖက်စစ်ကောင်စီမှ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင်သည့် ကိုယ်စားလှယ်တို့သည် တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် ဧပြီလ (၂၈)နှင့် (၂၉)ရက်တွင် အပစ်အ ခတ်ရပ်စဲနိုင်ရန်အတွက် တရုတ်ပြည်၊ ကူမင်းမြို့၌ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဆိုသည်။

 

ယင်းတွေ့ဆုံပွဲတွင် မြန်မာစစ်ကောင်စီကိုယ်စားလှယ်တို့က နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စသောဒေသများမှTNLA တပ်ဖွဲ့များအားလုံးကို ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ် သည့် နမ့် ဆန်နှင့် မန်တုံမြို့နယ်အတွင်းထိ ပြန်လည်ဆုတ်ခွာပေးရန် တောင်းဆိုခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ပြောကြားသည်။

 

ထို့ကြောင့် PSLFကိုယ်စားလှယ်များက သဘောမတူနိုင်သဖြင့် နှစ်ဖက်အပြန်အလှန်ဆွေးနွေးမှု ထပ်ဆင့်မတိုးနိုင်သေးဘဲ နှစ်ဖက်အပစ်အခတ်ရပ်စဲနိုင်ရန်အတွက် လာမည့်ဩဂုတ်လတွင် ထပ်မံ တွေ့ဆုံရန် သဘောတူခဲ့ကြကြောင်း အသိပေးထားသည်။

 

ထိုသို့ တွေ့ဆုံဆွေးနွေးပွဲလုပ်နေသည့်တိုင် အကြမ်းဖက်စစ်ကောင်စီက TNLA ထိန်းချုပ်ရာ နောင်ချို မြို့နယ်ကို ဓာတုအဆိပ်ငွေ့ဗုံးများအသုံးပြုကာ လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများပစ်ခတ် ခြင်း၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင်ခြင်းလုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ရန်၊ ဒေသတည်ငြိမ်အေးချမ်း ရန်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကဲ့သို့ တဆင့်တိုးအပစ်ခတ်ရပ်စဲရေးပြုလုပ်နိုင်ရန်အတွက် တရုတ် နိုင်ငံ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းမှ ကမကထပြုအလေးထားကြိုးပမ်းပြီး နှစ်ဖက်တွေ့ ဆုံမှုများ အလျင်အမြန်တိုးတက်လာစေရန် ဆောင်ရွက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Political News

Political News

ပြည်သူများက ခါးခါးသီးသီးမုန်းတီးနေသည့် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ပါဝင်ယှဉ် ပြိုင်ကာ ပံ့ပိုးကူညီခြင်းမပြုကြရန် နိုင်ငံရေးပါတီများကို NUG နှင့် NUCC ပူးပေါင်းတိုက်တွန်း   သံလွင်မြန်မာသတင်း မေလ ၁၁   ပြည်သူများက ခါးခါးသီးသီးမုန်းတီးနေသည့် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ပါဝင်ယှဉ် ပြိုင်ကာ ပံ့ပိုးကူညီခြင်းမပြုကြရန် နိုင်ငံရေးပါတီများကို...