Bago News

Bago News

ဇီးကုန်းမြို့နယ်တွင် ကင်းလှည့်စစ်ကြောင်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိ

 

သံလွင်မြန်မာသတင်း

မေလ ၂

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ကင်းလှည့်စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ်တိုက် ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း BTZM GBK PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၂၇ ရက် ည ၁၀ နာရီ ၃၀ မိနစ်က ဇီးကုန်းမြို့နယ်အရှေ့ ဘော်ဘင်ရွာ နှင့် မီးကောက်ပင်ရွာ တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများ အနက် ကင်းလှည့်နေသည့် စစ်သားများကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အသင့်ကြိုတင်စောင့်ဆိုင်း၍ မိုင်းဆွဲပြီးလက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း စစ်သား ထိခိုက်သေဆုံးမှုရှိနိုင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို တပ်ရင်း ၃၇၀၁ တပ်ခွဲ ၂ BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့မှ ရဲဘော် များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါစစ်ရေးတင်းမာလာမှူရှိသည့်အတွက် မိဘပြည်သူများ အနေဖြင့် သတိထား သွားလာလုပ်ကိုင်ကြရန် အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

ပခုက္ကူမြို့နယ်၊ ရှင်မကန်ပျူရွာစခန်းနှင့်စစ်ကြောင်းကို ရော့ကတ်၊ မိုင်းများဖြင့် တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး   သံလွင်မြန်မာသတင်း မေလ ၁၉   မကွေးတိုင်း ပခုက္ကူမြို့နယ် ရှင်မကန်ပျူရွာနှင့် စစ်တပ် စစ်ကြောင်းကို ရော့ကတ်၊ မိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း...