Magway News

Magway News

ဆောမြို့နယ်၊ အညာကတင်းကျေးရွာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၈ နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၄ ဦး သေဆုံးပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

မေလ ၁

 

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်အနောက်ခြမ်းရှိ အညာကတင်းကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၈ နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၄ ဦးသေဆုံးပြီး ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ယောအလင်းတန်းထံမှ သိရသည်။

 

ယနေ့ မေလ ၁ ရက် နံနက် ၁၀ နာရီ ၃၂ မိနစ်တွင် ဆောမြို့နယ်အနောက်အခြမ်းရှိ အညာကတင်း ကျေးရွာ စာသင်ကျောင်းကို ဦးတည်၍ အကြမ်းဖက်စစ်ကောင်စီတပ် လေကြာင်းဖြင့် အသုံးပြုကာ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် နောက်ထပ်တဖန် လှည့်ပတ်ပျံဝဲပြီး ၁၀ နာရီ ၃၉ မိနစ် အချိန် တွင် ထပ်မံကျဲချတိုက်ခိုက်ခဲ့ရာ အသက် ၈ နှစ်အရွယ် မိန်းကလေး တစ်ဦးအပါအဝင် အမျိုးသမီး ၄ ဦး သေဆုံးပြီး ကလေးငယ်၂ ဦး အပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင်စာသင်ကျောင်း အပါ အဝင်နေအိမ် ၅ လုံးလည်း ထိခိုက် ပျက်စီး ခဲ့ကြောင်း သိရသည်။

“တံတားဦးလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးနဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ပေါင် ၂၅၀ ဗုံး ၂ လုံး ကျဲချသွားတာ။ စာသင်ကျောင်းကို ဦးတည်ပြီးတည်တိုက်ခိုက်သွားတာပါ၊ ၁၀ နာ ရီ ၃၂ မှ တစ် ကြိမ်၊ ၃၇ မိနစ်မှာတစ်ကြိမ် လေယာဉ်တစ်စီးနဲ့ လှည့်ပတ်ကျဲသွားတာ၊ အသက် ၈ နှစ်အရွယ်မိန်းက လေးတစ်ဦးအပါအဝင် ၄ ဦးသေတယ်၊ ကလေး ၂ ဦးအပြင်းအထန်ဒဏ်ရာရတယ်” ဟု ယောအလင်း တန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၆၅ နှစ် အရွယ် ဒေါ်မ ကြည်လေး ၊ အသက် ၅၂ နှစ်အရွယ် ဒေါ်တင်တင်ခိုင် အသက် ၃၈ နှစ်အရွယ်ဒေါ်ပြားသာတို့ ၃ ဦး နေရာမှာ ပင်ပွဲချင်းပြီးသေဆုံးပြီး အသက် ၈ နှစ်အရွယ် မခွန်းဆက်ချို သည်လည်း နီးစပ်ရာဆေး ခန်းသို့ ပို့ဆောင်စဉ် လမ်း၌ သေဆုံးသွားကြောင်း သိရသည်။

 

ယောဒေသအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီက မကြာခဏလေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု များ လုပ်ဆောင်နေသောကြောင့် မိဘပြည်သူများအနေဖြင့် လေကြောင်းရန် ကာကွယ်နိုင်မည့် နည်း လမ်းများ၊ သတိပေးချက်များကို လိုက်နာပေးကြပါရန်နှင့် ဗုံးခိုကျင်းများ အိမ်တိုင်းအိမ်တိုင်းတူးထား ကြပါရန် တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

တနင်္သာရီမြို့နယ်၊ သိန်းခွန်ရွာတိုက်ပွဲမှထွက်ပြေးသည့် ခလရ ၁၀၃ တပ်ရင်းမှူးနှင့် ရဲ တပ်သား ၁ ဦးကို အရှင်ဖမ်းမိ၊ တိုက်ပွဲအတွင်းမှ ထွက်ပြေးပြီး အလင်းဝင်လာသူအများအပြားရှိ   သံလွင်မြန်မာသတင်း မေလ ၂၀   တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာတိုက်ပွဲမှ ထွက်ပြေးသွားသည့် ခလရ ၁၀၃ မှ...