Political News

Political News

ပြည်နယ်ယူနစ်ဖွဲ့စည်းပုံရေးဆွဲခြင်းများ၊ ပြည်ထောင်စုအဆင့် သဘောတူညီချက်ရယူရေးလုပ်ငန်း စဉ် များ တွင်လည်း အလုပ်သမားထု၏ အခန်းကဏ္ဍပါဝင်ရေးနှင့် အခြေခံရပိုင်ခွင့်များ ရရှိရေး၊ လူ တန်းစားကွာဟာမှုလျှော့ချရေး၊ လူမှုဖူလှုံရေးဆိုင်ရာအစီအမံများပါဝင်ရေးတို့အား မဖြစ်မနေ ထည့် သွင်းရေးဆွဲရန် ‌အကြံပြု

 

သံလွင်မြန်မာသတင်း

မေလ ၁

 

ပြည်နယ်ယူနစ်ဖွဲ့စည်းပုံရေးဆွဲခြင်းများ၊ ပြည်ထောင်စုအဆင့် သဘောတူညီချက်ရယူရေးလုပ်ငန်း စဉ် များ တွင်လည်း အလုပ်သမားထု၏ အခန်းကဏ္ဍပါဝင်ရေးနှင့် အခြေခံရပိုင်ခွင့်များ ရရှိရေး၊ လူ တန်းစားကွာဟာမှုလျှော့ချရေး< လူမှုဖူလှုံရေးဆိုင်ရာအစီအမံများပါဝင်ရေးတို့အား မဖြစ်မနေ ထည့် သွင်းရေးဆွဲရန် လူထုလှုပ်ရှားမှု သပိတ်ကော်မတီအဖွဲ့များပူးပေါင်းကာ ‌အကြံပြုထားသည်။

 

ယနေ့‌ မေလ ၁ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာ အလုပ်သမားနေ့ (မေဒေး) ထုတ်ပြန်ကြေ ညာချက်တွင် ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။

 

ယခု လုပ်ဆောင်နေသည့် ပြည်နယ်ယူနစ်ဖွဲ့စည်းပုံရေးဆွဲခြင်းများ၊ ပြည်ထောင်စုအဆင့် သဘောတူ ညီချက် ရယူရေးလုပ်ငန်းစဉ်များတွင်လည်း အလုပ်သမားထု၏ အခန်းကဏ္ဍပါဝင်ရေးနှင့် အခြေခံရ ပိုင်ခွင့်များ ရရှိရေး၊ လူတန်းစားကွာဟာမှုလျှော့ချရေးနှင့် လူမှုဖူလှုံရေးဆိုင်ရာအစီအမံများပါဝင် ရေး တို့အား မဖြစ်မနေထည့်သွင်းရေးဆွဲရန် ‌အကြံပြုပါကြောင်း ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။

ထို့အပြင် လာမည့်အနာဂါတ်လူ့အဖွဲ့အစည်းအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ လူထု၏ လူမှုဖူလုံ ရေး၊ ဖိနှိပ်မှုများရပ်တန့်ရေးနှင့် ပဋိပက္ခများမရှိစေရေး၊ ဒီမိုကရေစီခိုင်မာအားကောင်းရေးများတွင် အ လုပ်သမားထု၏ အခန်းကဏ္ဍသည်လည်း အရေးကြီးဆုံးကိစ္စရပ်တခုဖြစ်သည့်အတွက် ထည့်သွင်း စဥ်းစားရမည်ဖြစ်ကြောင်း ဆက်လက်နှိုးဆော်ထားသည်။

 

ယနေ့မေလ ၁ ရက်နေ့သည် မေဒေးဟုခေါ်တွင်သည့် နိုင်ငံတကာအလုပ်သမားနေ့ဖြစ်ပြီး ရုပ်ဝတ္တု ဖွံ့ဖြိုးသည့် ကမ္ဘာကြီးအား ယခုတွေ့မြင်နေရသည့်အတိုင်း ထူထောင်ခဲ့ကြသလို၊ နိုင်ငံတကာတော် လှန်ရေးများနှင့် ယခုတကျော့ပြန်တော်လှန်ရေးတွင်လည်း ရှေ့တန်းမှပါဝင်ခဲ့သည့် ပြည်တွင်း၊ ပြည် ပအလုပ်သမားထုအား ချီးကျုးဂုဏ်ပြုပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အလုပ်သမားထုသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ လှည်းတန်းလှုပ်ရှားမှုအား ဦးဆောင်ခဲ့ သလို ယခုအ‌ချိန်အထိ တောင်သူလယ်သမားထု၊ အခြေခံလူတန်းစားထုနှင့်အတူ တော်လှန်ရေး၏ အ ခြေခံအင်အားအဖြစ် ရုန်းကန်ပါဝင်လျက်ရှိကြောင်း သိရသည်။

 

စစ်အုပ်စုအနေဖြင့် တော်လှန်ရေးအခြေခံအင်အားထု၏ ရပ်တည်ရေးပျက်စီးရန်နှင့် လူထုလှုပ်ရှားမှု ကြီးများမပေါ်ပေါက်စေရေးအတွက် နည်းမျိုးစုံဖြင့်ကြိုးပမ်းနေပြီး တော်လှန်ရေးအင်အားစုများ အနေ ဖြင့် မိမိတို့အခြေခံအင်အားထု အထွေထွေအကျပ်အတည်းအတွင်း ရပ်တည်ကျားကန်နိုင်ရေးနှင့် လူ ထုလှုပ်ရှားမှုကြီးများပေါ်ပေါက်ရေးအတွက် အလေးထားလှုပ်ရှားသင့်ကြောင်းထောက်ပြထားသည်။

 

လူထုလှုပ်ရှားမှုကော်မတီအဖွဲ့များအနေဖြင့် တော်လှန်ရေးအဆက်ဆက်တွင် ရှိခဲ့၊ ရှိနေဆဲဖြစ်သည့် လူမျိုးပေါင်းစုံမှလုပ်သားထုနှင့် တသားတည်းရပ်တည်ကြောင်း ၊ အလုပ်သမားထု လွတ်မြောက်ရေး နှင့် လူမျိုးပေါင်းစုံ လူထုလွတ်မြောက်ရေးသည်သာ ခွဲခြားဆက်ဆံမှုကင်းပြီး တရားမျှတသော လူ့ အဖွဲ့အစည်းသစ်အားပြဌာန်းနိုင်မည်ဖြစ်ကြောင်း အသိပေးထားသည်။

 

အဆိုပါ ထုတ်ပြန်ချက်ကို Anti-Junta Mass Movement – AJMM ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကော်မတီ ၊ Blood Money Campaign – BMC ၊ သွေးစွန်းငွေလှုပ်ရှားမှု ၊ General Strike Committee – GSC ၊ အထွေထွေသပိတ်ကော်မတီ ၊ Generations’ Solidarity Coalition of Nationalities – GSCN ၊ လူမျိုးပေါင်းစုံမျိုးဆက်များသွေးစည်းညီညွတ်သောမဟာမိတ်အင်အားစု ၊ Progressive Muslim Youth Association – PMYA ၊ တိုးတက်သောမွတ်စ်လင်မ်လူငယ်အစည်းအရုံး နှင့် ဒို့မြေကွန်ရက် – Land In Our Hands တို့ပူးတွဲထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
International News

International News

တမူးပကဖအဖွဲ့ဝင်များ၏ ရုပ်အလောင်းများကို တောင်းဆိုရာတွင် အိန္ဒိယနယ်နမိတ်အတွင်း ဝင် ရောက်ကာ စတင်တိုက်ခိုက်မှုကြောင့် နှိမ်နင်းခံရခြင်းနှင့်နောက်နောင် အိန္ဒိယနိုင်ငံနယ်နိမိတ်ခြံ စည်းရိုးခတ်မှုကို မကန့်ကွက်ရန် ဖိအားပေးခြင်းခံခဲ့ရဟု NUG ထုတ်ပြန်   သံလွင်မြန်မာသတင်း မေလ ၂၀   စစ်ကိုင်းတိုင်း၊ တမူးခရိုင်ပကဖ အဖွဲ့ဝင် ၁၀ ဦးကို ဖမ်းဆီးသတ်ဖြတ်ခံရပြီးနောက်...