Kachin State News

Kachin State News

မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံအထက် ဂွီထောင် (Gwi Htau)ကျေးရွာအနီးတွင် ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်

 

သံလွင်မြန်မာသတင်း

ဧပြီလ ၃၀

 

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံအထက် ဂွီထောင် (Gwi Htau) ရွာအနီးတွင် ၃ ရက် ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။

 

ဧပြီလ ၂၇ ရက် နေ့က တန်ဖဲကျေးရွာ၌ အထိုင်ချထားသော အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၂၉ နှင့် ခလရ ၁၀၅ တပ်ရင်းတို့မှ စစ်မျက်နှာ ၃ ခုဖွင့်ကာ KIA တပ်မဟာ ၁ ၊ တပ်ရင်း ၄ အုပ်ချုပ်နယ်မြေ ဆွမ်ပရာဘွမ်ဘက်သို့ သွားရာ ဂွီထောင် (Gwi Htau) ကျေးဘက်သို့ စစ်ကြောင်းထိုးလာခဲ့သဖြင့် KIA တပ်ဖွဲ့က ခုခံတိုက်ခိုက်ခဲ့ရာ ၃ ဧပြီလ ၂၉ ရက်နေ့အထိ တို့တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရ သည်။

ယင်းတိုက်ပွဲအတွင်း တန်ဖဲကျေးရွာ၌ အထိုင်ချထားသော ခမရ ၂၉ နှင့် ခလရ ၁၀၅ တပ်ရင်းတို့မှ တိုက်ပွဲဖြစ်ပွားရာနေရာအနီးတဝိုက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကက်သလစ်ဘုရား ကျောင်းထိမှန်ပျက်စီးမှုရှိခဲ့သဖြင့် စစ်ရေးတင်းမာနေသည်မှာ အချိန်တော်တော် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Karen State News

Karen State News

မြဝတီမြို့တောင်ဘက်၊ မြဝတီ-ဝေါ်လေလမ်းပေါ်ရှိ ဘလယ်ဒိုစစ်တပ်စခန်းကို သိမ်းပိုက်ရရှိ၊ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ၃၀ ဦးလက်နက်ချအညံ့ခံ   သံလွင်မြန်မာသတင်း မေလ ၂၃   ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီမြို့တောင်ဘက်၊ မြဝတီ-ဝေါ်လေလမ်းပေါ်ရှိ ဘလယ်ဒိုစစ် တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ၃၀...